Saturday, August 14, 2021

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်အတွင်းရှိ အဆင့်မြှင့်တင်ဆောင်ရွက်နေသည့် လမ်းများအား ကြည့်ရှု့စစ်ဆေး

 



                                                                                    ပဲခူး ဩဂုတ် ၁၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပဲခူးမြို့စည်ပင်သာယာရေး အဖွဲ့ တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းက ပဲခူးမြို့တွင်းလမ်းများ အဆင့်မြှင့်တင် ဆောင်ရွက် နေမှု များအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

 ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဆေးရုံ လမ်းနှင့် ညွှန့်ရုပ်ရှင်ရုံ လမ်းအကြား အုတ်ရေမြောင်းနှင့် ပလက်ဖောင်းခင်းခြင်း လုပ်ငန်းစတင် ဆောင်ရွက်နေမှု အခြေအနေကို လည်းကောင်း၊ ရွှေမော်ဓော ဘုရားလမ်း (ရန်ကုန်-မန္တလေး လမ်း နှင့်ဗန္ဓုလလမ်းအကြား) နိုင်လွန်ကတ္တရာ ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို လည်းကောင်း၊ (၃၁)လမ်း ကွန်ကရစ် ခင်းခြင်း၊ အုတ်ရေမြောင်းနှင့် ပလက်ဖောင်းလုပ်ငန်းများ စတင်ဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း၊ ဇိုင်းဂနိုင်း မြောက်ပိုင်းရပ်ကွက်၊ ပဲခူးမြစ်ဘေးပန်းခြံ အဆင့်မြှင့်ဆောင်ရွက်နိုင်ရေးကို လည်းကောင်း၊ သမိန်ဗရမ်းလမ်း သွယ် (စိန်သရဖူဂိုဒေါင် လမ်း) ကွန်ကရစ်ခင်းခြင်း လုပ်ငန်းစတင် ဆောင်ရွက်နေမှု အခြေအနေကို လည်းကောင်း၊ ခရိုင်ပညာရေးမှူးရုံးလမ်း (ဗိုလ်အောင်ကျော် လမ်း) ကွန်ကရစ်ခင်းခြင်း လုပ်ငန်းစတင် ဆောင်ရွက်နေမှု အခြေအနေကို လည်းကောင်း သွားရောက်ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြို့နယ်အတွင်းရှိလမ်းများ၊ ရေမြောင်းများ၊ ပလက်ဖောင်းများကိုမြို့တော် အင်္ဂါရပ်နှင့် အညီ အဆင့်မြှင့်တင် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း တာဝန်ယူဆောင်ရွက်သည့် ကုမ္ပဏီများ အနေဖြင့်လည်း မိမိတို့၏ လုပ်ငန်းဆောင်ရွက်မှု တစ်ခုချင်းစီတိုင်းကို စေတနာထားဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ မိုးတွင်းကာလ ရေစီးရေလာ ကောင်းမွန် စေရေးအတွက် ရေမြောင်းများ တည်ဆောက်ရာတွင် မြေပြင် အနိမ့်အမြင့် အခြေအနေကို မှန်ကန်စွာတိုင်းတာ ဆောင်ရွက်သွားရန်နှင့် လိုအပ်သည့်နေရာများတွင် ရေထုတ်ပြွန်များလည်း ထည့်သွင်းသွားရမည် ဖြစ်ကြောင်း၊ လမ်း၊ ရေမြောင်း၊ ပလက်ဖောင်းများအား ဆောက်လုပ်ရာတွင် သတ်မှတ်ရွေးချယ်ထားသည့် ဒီဇိုင်းများအတိုင်း စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်မှာ ဖြစ်ကြောင်းမှာကြားခဲ့သည်။

 

No comments:

Post a Comment