ဘားအံ ဩဂုတ် ၁၄
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ဩဂုတ်လ (၁၂) ရက် နေ့ နံနက်(၇)နာရီခန့်က ဘားအံမြို့၊ ကန်သာယာ တွင် အခွန်လွတ်ဈေး ဖွင့်လှစ်ဆောင်ရွက်နေမှုကို ကြည့်ရှုပြီး ဝယ်ယူအားပေးကာ ဈေးရောင်းနေသူ များအား အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အခွန်လွတ်ဈေးကို ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ် ဆောင်ရွက်မှုဖြင့် အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ စနေနေ့များတွင် နံနက်(၆)နာရီခန့်မှ (၁၁)နာရီအထိ ဖွင့်လှစ်ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၏ အထင်ကရ ကန်သာယာပတ်လည်လိုက်လံကြည့်ရှုခဲ့ပြီး ကန်ပတ်လည် သာယာလှပရေး၊ ပြည်သူများ စိတ်အေး ချမ်းသာစွာ ကျန်းမာရေးဆောင်ရွက် နိုင်ရေးနှင့် အပန်းဖြေနိုင်ရေးတို့အတွက် ကန်သာယာ ပတ်လမ်း တိုးချဲ့ ပြုပြင် ဆောင်ရွက်ရေး၊ ဇွဲကပင်ခန်းမအတွင်းရှိ ကြားကန်အား မြေထိန်းနံရံ ပြုပြင် ဆောင်ရွက် ရေးနှင့် ညဈေးအနီး တံတားတိုးချဲ့ဆောင်ရွက်ရေးတို့အားမှာ ကြားခဲ့ပြီး အဆိုပါ လုပ်ငန်းများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် လျာထားတင်ပြရန် လမ်းညွှန်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment