Wednesday, August 11, 2021

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ စတုတ္ထအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

 


ရန်ကုန်၊ ဩဂုတ် ၁၁

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီသို့ စတုတ္ထအကြိမ် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ မြို့တော်ခန်းမ၊ ပထမထပ်ရှိ အစည်းအဝေး ခန်းမ (၄) ၌ ကျင်းပသည်။

လှူဒါန်းပွဲတွင် အလှူရှင်များက ကိုဗစ်ရောဂါကုသရေး အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများနှင့် အလှူငွေများအားပေးအပ်လှူဒါန်းကြရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ နာယက မြို့တော်ဝန် ဦးဗိုလ်ဌေး၊ လုပ်ငန်းကော်မတီ နာယက ဒုတိယမြို့တော်ဝန် ဦးညီညီနှင့် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးညွန့်ဖေတို့က လက်ခံ ရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာမြို့တော်ဝန် က ကျေးဇူးတင် စကား ပြောကြားသည်။

ယနေ့ အလှူငွေပေးအပ်ပွဲသို့ အလှူရှင် (၂၇) ဦးမှ Oxygen Concentrator (၂)လုံး၊           Mask (၃၂၀၀၀)၊ Oximeter (၂၂၁)ခုနှင့်  ငွေသား ကျပ်-၈,၁၃၀,၀၀၀/- ကို လှူဒါန်းခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment