ကျိုင်းလပ် ဩဂုတ် ၁၁
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ယနေ့ မနက် ၆ နာရီခွဲ အချိန်က မိုးရွာသွန်းမှုနှင့် ရေစီးဆင်းမှုများခြင်းကြောင့် တာလေ-ကျိုင်းလပ်သွား ကားလမ်းမကြီး၌ လမ်းကျွံကျခြင်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ကျိုင်းလပ်မြို့
နမ့်ခင်းကျေးရွာအုပ်စု၊ ပန်ပဲအောက်ကျေးရွာနှင့် ဝမ်တုံကျေးရွာအကြား တာလေ-ကျိုင်းလပ်သွား
ကားလမ်းမကြီး (ကီလိုမီတာ ၁၃-၁၄ အကြား)ရှိ အကျယ် ၃၀ ပေ၊ အရှည် ၅ ပေခန့်ရှိသော တံတားအမှတ်
၁/၁၄ မှာ မိုးရွာသွန်းမှုများပြား၍ ရေစီးဆင်းမှုများခြင်းကြောင့် ၃ ပေခန့် လမ်းကျွံကျခြင်း ဖြစ်ပေါ်ခဲ့ကြောင်း
သိရသည်။
No comments:
Post a Comment