Wednesday, August 11, 2021

နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ ဆန်၊ဆီ၊စားသောက်ကုန်နှင့်ရောဂါကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

 


နောင်ချို ဩဂုတ်   ၁၁ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ ဆန်၊ ဆီ၊ စားသောက်ကုန်နှင့်ရောဂါကာကွယ်ရေး ပစ္စည်းများကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပေးအပ်ရာတွင် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စား အမှတ် (၉၀၂) အမြောက် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် ခေတ္တတပ်မမှူး ဗိုလ်မှူးကြီးနိုင်ဝင်းနှင့် တာဝန်ရှိသူများက ဆန် (၃၀) အိတ်၊ ဆီ (၃၀)ပိဿာ၊ ကြက်ဥ (၁၀၀၀)လုံး၊ Mask (၂၀၀၀)ခု၊ Faceshield (၂၀၀) ခု၊ ခေါက်ဆွဲ (၂)ဖာ၊ အရက်ပြန်(၁)ပုံး၊ ပိုးသတ်ဆေး (၁) ပုံးတို့ကို ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကြည်တိုးနှင့်တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

အဆိုပါ စားသောက်ကုန်ပစ္စည်းများနှင့် ရောဂါကာကွယ်ရေးပစ္စည်းများကို အရှေ့မြောက်ပိုင်းစစ် ဌာနချုပ်မှ ကိုဗစ်စင်တာ ၊ Positive စင်တာများရှိ ရောဂါပိုးတွေ့ရှိ၍ ဆေးကုသမှုခံယူလျက်ရှိသော လူနာ များအတွက် ပေးပို့ထောက်ပံ့ပေးခဲ့ပြီး မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ ပြန်ရေးကော်မတီမှ မြို့နယ်အတွင်းရှိ ပြည်သူ့ဆေးရုံ၊ မြနန်းတော်ဝင်ခန်းမ၊ သဖန်းကိုင်းပရဟိတစင်တာ၊ သုံးဆယ်တိုက်နယ်ဆေးရုံ တို့ရှိ စင်တာများသို့ ဆက်လက်ပေးပို့ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း မြို့ နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ထွေးငယ်၊(ပြန်/ဆက်)

No comments:

Post a Comment