ဖောင်းပြင် သြဂုတ် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် ဖောင်းပြင် မြို့နယ်တွင် ကိုဗစ် - ၁၉ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ကိုဗစ် - ၁၉ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ဇူလိုင်လ ၃၁ ရက်နေ့မှ စတင်၍ သတ်မှတ်စုရပ်နေရာများ၌ ဦးစားပေး အစီအစဉ်အလိုက် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိရာ ယခုအခါ လူဦးရေ (၃၂၄၄)ဦးအား ထိုးနှံပြီးစီးကြောင်း သိရသည်။
ထိုသို့
ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများ၊
ပရဟိတ လုပ်ငန်းဆောင်ရွက်နေသူများ၊ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့်
၎င်းတို့၏မိသားစုဝင်များ ပုဂ္ဂလိက ပို့ဆောင်ရေး လုပ်ငန်းဆောင်ရွက်သူများအား ဦးစားပေး
အစီအစဉ်အလိုက် သတ်မှတ်စုရပ် နေရာများ ဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန
အစည်းအဝေးခန်းမ၊ မြို့နယ်ပြည်သူ့ ဆေးရုံတို့တွင်
ကိုဗစ် - ၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးခဲ့သည်။
အဆိုပါ
ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့်အရံ
မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းကူညီဆောင်ရွက်ရာ ဖောင်းပြင် မြို့နယ်တွင် သြဂုတ်လ ၅
ရက် အထိ ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) အလုံးရေ (၁၂၀၄)ရရှိကာ လူဦးရေစုစုပေါင်း (၃၂၄၄)
ဦးအား ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ကြောင်း နှင့်ကျန်ရှိသည့် သွားလားရေး ခက်ခဲ့သော ဒေသများမှပြည်သူများအတွက်
ကာကွယ် ဆေး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ် ကြောင်း မြို့နယ်အေထွထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ
သိရသည်။
မြို့နယ်ပြန်/ဆက်
No comments:
Post a Comment