ပွင့်ဖြူ ဩဂုတ် ၁၂
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့ အတည်ပြုလူနာများနှင့် အခြားသော နာမကျန်းလူနာများအတွက် အောက်ဆီဂျင် လိုအပ်ချက်အခက်အခဲ မဖြစ်စေရေးအတွက် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ် သမ္မာဆန္ဒက ရုဏာရှင်များ နာမှုကူညီရေး အသင်းနှင့် မြို့မိမြို့ဖများ ပူးပေါင်း၍ ပွင့်ဖြူမြို့ ၊ သက်တော်ရှည်ရပ်ကွက်ရှိ စကားဝါလမ်း ထောင့်နှင့် အင်ကြင်းလမ်းထောင့်ရှိ မြေကွက်တွင် အောက်ဆီဂျင်စက်ရုံ စတင်တည်ဆောက် လျက်ရှိရာ ယမန်နေ့ ညနေပိုင်းက မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများက သွားရောက် ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အကောင်အထည်ဖော် တည်ဆောက်နေသည့် အောက်ဆီဂျင်စက်မှာ 30 Nm3/h အမျိုးအစားဖြစ်ပြီး တစ်ရက်လျှင် ၄၀ လီတာ အောက်ဆီဂျင်အိုး အလုံးရေ ၁၂၀ ခန့် ထွက်ရှိမည်ဖြစ်ကြောင်း ၊ ယင်း အောက်ဆီဂျင် စက်အား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးခြင်းဖြစ်ကာ စက်တန်ဖိုးအနေဖြင့် ငွေကျပ် သိန်း ၉၀၀ ကျော် ရှိကြောင်း ၊ လိုအပ်သော စက်ရုံတည် ဆောက်ခြင်း နှင့် အခြားစပ်ဆက်လုပ်ငန်းများကို မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်သမ္မာဆန္ဒ ကရုဏာရှင်များ နာမှုကူညီရေးအသင်းနှင့် မြို့မိ မြို့ဖများ ပူးပေါင်း၍ အကောင်အထည်ဖော် တည်ဆောက် နေခြင်းဖြစ်ပြီး စက်ရုံ တည်ဆောက်ခြင်းအတွက် ခန့်မှန်း ကုန်ကျငွေကျပ် သိန်း ၇၀၀ ခန့် ရှိကြောင်း သိရသည်။ ယင်း အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရေးအတွက် မြေနေရာအား ပွင့်ဖြူမြို့နေ အလှူရှင် ဒေါက်တာ ထွန်းထွန်း က စက်ရုံလည်ပတ် ဆောင်ရွက်နေသည့်ကာလတစ်လျှောက် အသုံးပြုခွင့် ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိ သူများက ပွင့်ဖြူမြို့နယ်ရှိ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာများနှင့် အခြား နာမကျန်းလူနာများအတွက် ဆောက်လုပ်နေသည့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန် စံညွှန်းများနှင့် အညီ တည်ဆောက်ပြီးစီးနိုင်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယခု တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့မှုဖြင့် အကောင်အထည်ဖော် တည်ဆောင်ရွက်နေသည့် အောက်ဆီ ဂျင် စက်ရုံ တည်ဆောက်ပြီးစီးပါက တစ်ရက်လျှင် ၄၀ လီတာ အောက်ဆီဂျင်အိုးအလုံးရေ ၁၂၀ ခန့် ထုတ်လုပ် ရရှိမည် ဖြစ်သဖြင့် မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့အတည်ပြု လူနာများနှင့် အခြား နာမကျန်းလူနာများအတွက် လိုအပ်သော အောက်ဆီဂျင် အား အဆင်ပြေချောမွေ့စွာ ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်မည့် အပြင် အခြားအနီးဝန်းကျင် မြို့နယ်များမှ ပြည်သူများအတွက် လိုအပ်သော အောက်ဆီဂျင်အား တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားနိုင်မည် ဖြစ်ကြောင်း အဆိုပါ အောက်ဆီဂျင် စက်ရုံဖြစ် မြောက်ရေးအဖွဲ့မှ အဖွဲ့ဝင် ဒေါက်တာထွန်းထွန်း ထံက သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )

No comments:
Post a Comment