ကျောက်ဆည်၊ ဩဂုတ် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှတစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင် ထောက်ပံ့ပေးအပ်လျှက်ရှိရာ ယနေ့နံနက်၉နာရီခွဲက ဘုံကွင်းကျေးရွာနှင့် စမာကျေးရွာများမှ ဘိုးဘွားများ အား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လက်ဝယ် အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါထောက်ပံ့ငွေများကို ဘုံကွင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ခိုင်ဝင်း၊ စမာကျေးရွာ ရာအိမ်မှူးနှင့် စာရေးဝန်ထမ်းတို့မှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၁၄)ဦးအား၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လ၊ ဒုတိယသုံးလ ပတ်အတွက် တစ်ဦးလျှင်ငွေကျပ်(၃၀၀၀၀)နှုန်း ဖြင့်စုစုပေါင်း ငွေကျပ်(၄၂၀၀၀၀)အား လက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြိုနယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု(၉၇)အုပ်စုရှိရာ အသက်(၈၅)နှစ်အထက်သက်ကြီး ဘိုးဘွား (၁၁၄၉)ဦးအား တစ်ဦးလျှင်ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ငွေကျပ်(၃၄၄)သိန်းခုနှစ်သောင်းကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး များ၊ စာရေးဝန်ထမ်းများမှ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ် လျက်ရှိကြောင်းသိရသည်။
တင်တင်ထွေး

No comments:
Post a Comment