Thursday, August 12, 2021

ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်တွင် ၂၉၁၉ ဦးအား ထိုးနှံပေး

 



ရန်ကုန် သြဂုတ်
၁၂

 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် တပင်ရွှေထီးရပ်ကွက် ဒလ-ဓနုတ် ကားလမ်းမကြီးဘေးရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ စုရပ်အခြေပြု၍ သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ သြဂုတ်လ ၁၁ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ်ဖြစ်  မြို့နယ်အတွင်း သတ်မှတ်ထားသော ဦးစားပေးအုပ်စုများအား ကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ စုစုပေါင်း ၂၉၁၉ ဦး ရှိပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီမှ သိရသည်။  

 

ဒလမြို့နယ်၌ ရပ်ကွက် ၂၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၃ အုပ်စု၊ ကျေးရွာစုစုပေါင်း ၅၄ ရွာမှ   အသက် ၆၅ နှစ် အထက် သက်ကြီးရွယ်အိုများ၊ သံဃာတော်များ၊ ဘာသာရေးခေါင်းဆောင်များ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများနှင့် မိသားစုများ၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းမှ ပုဂ္ဂိုလ်များ၊ စူပါမားကတ်များနှင့် ဈေးများမှ ဝန်ထမ်းများ နှင့် ဒေသခံပြည်သူများကို   သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ သြဂုတ်လ ၁၁ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံပေးခဲ့ရာ ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း ၂၉၁၉ အထိ ဦးရှိပြီးဖြစ်ကြောင်း၊ ပထမအကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း အစီအစဉ်တွင် ဆက်လက်၍ ထိုးနှံရမည်ဖြစ်ကြောင်းသိရသည်။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလာရောက်ထိုးနှံကြသော မိဘပြည်သူများအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ၊  မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

 

သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(IPRD)

 

No comments:

Post a Comment