Thursday, May 13, 2021

ကနီမြို့နယ်အတွင်း၌ ဆူပူအကြမ်းဖက်သူများအား ဆူပူအကြမ်းဖက်မှုလုပ်ရပ်များ ပြုလုပ်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများနှင့်အတူ ဖမ်းဆီးရမိ

 


                                                   နေပြည်တော် မေ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်အတွင်းရှိ ချောင်းမကျေးရွာနှင့် အောင်မင်္ဂလာ ကျေးရွာ လမ်းကြောင်း၌ လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား  မေ ၇ ရက်တွင် ဆူပူ အကြမ်းဖက်သူများက ဒေသန္တရလက်လုပ်ဆွဲမိုင်းများ၊ တူမီးသေနတ်များဖြင့် ဖောက်ခွဲတိုက်ခိုက်လာ ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ ဆူပူအကြမ်းဖက် သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိရေး ဆောင်ရွက်စဉ် နေ့လယ် ၂ နာရီ ၁၀ မိနစ်ခန့် တွင် ကနီမြို့နှင့် ချောင်းမကျေးရွာအကြားသို့အရောက်၌ ဆူပူအကြမ်းဖက်သူ ၂၀ ဦးခန့်က တူမီး သေနတ်များဖြင့် စတင်တိုက်ခိုက်လာသဖြင့် အဓိကရုဏ်းနှိမ်နင်းရေး လက်နက်ဖြင့် ခြောက်လှန့် ပစ်ခတ် ခဲ့ရာ ဆူပူအကြမ်းဖက်သူများအနက်မှ ၁ ဦးသေဆုံးခဲ့ပြီး ချစ်မင်းကို (ဘ)ဦးသန်းငွေအား တူမီးသေနတ် ၂ လက်၊ လက်လုပ်မိုင်း ၅ လုံးနှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးချက်အရ အကြမ်းဖက်သောင်းကျန်းသူများသည် ကနီမြို့နယ်၊ ကျောက်လုံးကြီးဘုန်းကြီးကျောင်းတွင် တူမီးသေနတ်များ ကိုင်ဆောင် ခိုအောင်းနေကြောင်း သိရှိရသဖြင့် နေ့လယ် ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက အဆိုပါဘုန်းတော်ကြီး ကျောင်းသို့ သွားရောက်ရှာဖွေစဉ် ဆူပူအကြမ်းဖက်သူ ၁၂၀ ဦးခန့်က အဆိုပါကျောင်းအတွင်းမှ တူမီးသေနတ်၊ လက်လုပ်မိုင်း များဖြင့် စတင်ပစ်ခတ်တိုက်ခိုက် လာသဖြင့် လုပ်ထုံးလုပ်နည်းများနှင့် အညီ ပြန်လည်ခုခံ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင် ၁ ဦး မိုင်းစထိမှန်ကျဆုံးခဲ့ပြီး အကြမ်းဖက်သူ ၃ ဦး သေဆုံးကာ ၎င်းနေရာမှ တူမီးသေနတ် ၈ လက်၊ အခြားဆက်စပ် ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပြီး အကြမ်းဖက်သူ ၃ ဦး သေဆုံးမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ သေမှုသေခင်းဖွင့်လှစ်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့သည်။

အဆိုပါဖြစ်စဉ်များတွင် ဦးဆောင်သူများနှင့် ပါဝင်ပတ်သက်သူများအား အမြန်ဆုံးဖမ်းဆီးရမိရေး အပူတပြင်းစုံစမ်းဖော်ထုတ်စစ်ဆေးမှုများ ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၃ နာရီခန့်တွင် ကနီမြို့နယ်၊ သမင်ခြံကျေးရွာ အနီးရှိတောင်ယာ တဲများအတွင်းမှ အမျိုးသား ၂၃ ဦးအား တူမီးသေနတ် ၉ လက်၊ လက်လုပ်ပြောင်းရှည် သေနတ် ၅ လက်၊ ဆက်စပ်ပစ္စည်းများနှင့် အတူ ရှာဖွေဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

အထက်ပါ ဆူပူအကြမ်းဖက်ရာတွင် ပါဝင်သူများနှင့် လက်နက်၊ ပစ္စည်းများနှင့် ကိရိယာများကို လက်ဝယ်ထားရှိသူများအား တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment