Thursday, May 13, 2021

မြို့နယ်အချို့၌ ပြည်သူလူထုမှ လက်လုပ်သေနတ်များအား အုပ်ချုပ်ရေး တာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံ


                                             နေပြည်တော် မေ ၁၂

တိုင်းဒေသကြီး/ ပြည်နယ်များရှိမြို့နယ်အချို့၌ အေးချမ်းစွာနေထိုင်လိုသည့်ပြည်သူလူထုများမှ ၎င်းတို့၏ သဘောဆန္ဒအလျောက် ၎င်းတို့ထံတွင်ရှိသော လက်လုပ်သေနတ်များ အားအုပ်ချုပ်ရေး တာဝန်ရှိသူ များမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံလျက်ရှိသည်။

ထို့သို့အပ်နှံရာတွင် မေလ ၁၁ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၊ တပ်ကုန်း ကျေးရွာနှင့် မှော်ကူးကျေးရွာများရှိ ပြည်သူများမှ လက်လုပ်သေနတ် ၁၈ လက်နှင့် တူမီးသေနတ် ၁ လက်တို့အားလည်းကောင်း၊ ကန့်ဘလူမြို့နယ်၊ မလယ်ကျေးရွာနှင့် ရွာသာယာ ကျေးရွာတို့မှ လက်လုပ်သေနတ် ၈ လက်အားလည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ ပက်မခန်း ကျေးရွာမှ လက်လုပ်သေနတ် ၇ လက်အားလည်းကောင်း၊ ထီးလင်းမြို့နယ်၊ အညာတန်း ကျေးရွာ နှင့် ဘူးတောင်ကျေးရွာများမှ လက်လုပ်တူမီးသေနတ် ၂ လက်အားလည်းကောင်း၊ မန္တလေး တိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ မိုးကောင်းကျေးရွာမှ လက်လုပ်သေနတ် ၂ လက်အား လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ သောကြာဒူးကျေးရွာမှ လက်လုပ်သေနတ် ၂ လက်အား လည်းကောင်း၊ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ငလားရပ်ကွက်မှ ကျောက်မီးသေနတ် ၅  လက်အားလည်းကောင်း ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေး တပ်ဖွဲ့ဝင် များထံ လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။ 

ထိုကဲ့သို့ လက်နက်ကိုင်ဆောင်လိုခြင်းမရှိသည့် ပြည်သူလူထုမှ လာရောက်အပ်နှံသော လက်လုပ် သေနတ်နှင့် တူမီးသေနတ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်ခံရယူခဲ့ပြီး စနစ်တကျ သိမ်းဆည်းထားရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment