နေပြည်တော် မေ ၁၂
နိုင်ငံတော်အတွင်း ဆူပူအုံကြွမှုများဖြစ်ပေါ်စေရေးအတွက် NUG အကြမ်းဖက်အဖွဲ့သည် နောက် ကွယ်မှ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင် အဆောက်အဦများ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူ သွားလာ လှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထား ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့ ညနေ ၅ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရ မြို့နယ်၊ ဟင်္သာရပ်ကွက်၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများ အစည်းအဝေး ပြုလုပ်နေစဉ် ဆိုင်ကယ်စီးနင်းလာသည့် အကြမ်းဖက်သူအမျိုးသား ၂ ဦးက လက်လုပ်မိုင်းတစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ရာ အဆိုပါ ၂ ဦးအနက်မှ ဘိုညီလေး (ခ) ညီလေး (၃၅)နှစ် (ဘ) ဦးတင်အောင် အား ဖမ်းဆီးရမိခဲ့ပြီး ၎င်းထံမှ လက်လုပ်မိုင်း ၂ လုံး၊ လက်လုပ်သေနတ်အသေး ၁ လက်တို့အား သိမ်းဆည်းရမိခဲ့ကြောင်းနှင့် လက်လုပ်မိုင်းပေါက်ကွဲမှု ကြောင့် ရပ်ကွပ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအတွင်းရှိ ပရိဘောဂပစ္စည်းအချို့ ကျိုးပဲ့ပျက်စီးဆုံးရှုံး ခဲ့ကြောင်း သိရသည်။
အလားတူ ည ၇ နာရီခွဲအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ ခေတ္တရာ လမ်းဆုံရှိ ယာဉ်ထိန်းရုံးအား အကြမ်းဖက်သူများက မီးပုလင်းဖြင့်ပစ်ပေါက်ခဲ့ရာ မီးလောင် ကျွမ်းမှုဖြစ်ပွား ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်နေစဉ် ဆူပူအကြမ်းဖက်သူ အမျိုးသား ၂ ဦးက လက်လုပ်မိုင်း ၃ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့သဖြင့် မီးသတ်ယာဉ်အရှေ့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် မီးသတ်ယာဉ် ၁ စီး၏ ရှေ့လေကာမှန်ကွဲအက် ပျက်စီးခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင် ၇ ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင် ၂ ဦးတို့တွင် လက်မောင်း၊ ပုခုံး၊ တင်ပါး၊ ပေါင်၊ ခြေသလုံးတို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့် အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်
No comments:
Post a Comment