Thursday, May 13, 2021

ဗိုလ်တထောင်မြို့နယ်၌ အကြမ်းဖက်လုပ်ရက်များတွင် အသုံးပြုရန်အတွက် လက်လုပ်မိုင်း တပ်ဆင်စဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသားတစ်ဦးဒဏ်ရာရရှိ


                                                       နေပြည်တော် မေ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၌ မေ လ ၁၁ ရက်နေ့တွင် အကြမ်းဖက် လုပ်ရက်များ တွင် အသုံးပြုရန်အတွက် လက်လုပ်မိုင်း တပ်ဆင်စဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေလ ၁၁ ရက်နေ့ ည ၆ နာရီ ၁၀ မိနစ်အချိန်တွင် ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၈) ရပ်ကွက်အတွင်း၌ ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အာကာအောင် (၂၆) နှစ် (ဘ)ဦးအောင်မြင့်ဝင်းအား ယာမျက်လုံး၊ ဝဲယာ လက်ညိုး၊ လက်မနှင့် ယာခြေသလုံးတို့တွင် ပေါက်ပြဲ ဒဏ်ရာများဖြင့် မိုးကောင်းမုန့်တိုက်အနီးလဲကျနေသည်ကို တွေ့ရှိသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက  ဆေးဝါးကုသမှုခံယူနိုင်ရေး နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဗိုလ်တထောင်မြို့နယ်၊ အမှတ် (၈)ရပ်ကွက်၊ တိုက်အမှတ်(၁၂၈)၊ ဒုတိယထပ်ရှိ တိုက်ခန်းအား သွားရောက်ရှာဖွေရာ လက်လုပ်မိုင်း တပ်ဆင်ရာတွင် အသုံးပြုသည့် Keypad ဖုန်း ၂ လုံး၊ သုံးလုံးတွဲ ဓာတ်ခဲ ၂ စုံ၊ အလျား ၆ လက်မရှိ စတီးပိုက် ၂ ခုတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment