Thursday, May 13, 2021

နိုင်ငံတော်ပိုင်ရုပ်ရှင်ရုံ တောင်ကြီး (မြသုခ)၊ လားရှိုး(အောင်သီရီ) တို့၏ တာဝန်နှင့်ဝတ္တရား လွှဲပြောင်းခြင်းစာချုပ် ချုပ်ဆို

 


                                                           တောင်ကြီး မေ ၁၂

နိုင်ငံပိုင်ရုပ်ရှင်ရုံ တောင်ကြီး (မြသုခ)၊ လားရှိုး(အောင်သီရိ)တို့၏တာဝန်နှင့်ဝတ္တရားလွှဲပြောင်းခြင်း စာချုပ် ချုပ်ဆိုခြင်းကို မေ ၁၂ ရက် မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် စီမံ အုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းက နိုင်ငံပိုင်ရုပ်ရှင်ရုံများ ဖြစ်သည့် တောင်ကြီးမြို့ (မြသုခ) နှင့်လားရှိုးမြို့ (အောင်သီရိ) ရုပ်ရှင်ရုံ၊ ပုဂ္ဂလိကကို အပြီး ရောင်းချ ပြီးသည့် လားရှိုးမြို့ (သိန်းထိုက်) ရုပ်ရှင်ရုံနှင့် (သီတာအေး) ရုပ်ရှင်ရုံ လေးရုံတို့ကိုလည်း ခေတ်နှင့် အညီ ရုပ်ရှင်ပြသခြင်း လုပ်ငန်းများ၊ ဆောင်ရွက်နိုင်ရေး ကြီးကြပ်ဆောင်ရွက် သွားမည်ဖြစ်ပြီး ရုပ်ရှင်ပြသခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ခြင်းမရှိသေးသည့် ရုပ်ရှင်ရုံ ၁၀ ရုံကိုစိစစ်၍ ရုပ်ရှင်ပြသခြင်း လုပ်ငန်း ဆောင်ရွက်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ခြင်း၊ ရုပ်ရှင်ပြသခြင်းလုပ်ငန်း မဆောင်ရွက် နိုင်သည့် ရုပ်ရှင်ရုံများကိုလည်း စိစစ်အရေးယူ ဆောင်ရွက်ခြင်း လုပ်ငန်းများကို ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ အနေဖြင့် ကြီးကြပ် ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ထို့နောက် ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က အမှာစကား ပြောကြားသည်။

ယင်းနောက် နိုင်ငံပိုင်ရုပ်ရှင်ရုံ တောင်ကြီး(မြသုခ)၊ လားရှိုး (အောင်သီရိ) တို့နှင့် ပတ်သက်၍ သဘောတူညီချက် စာချုပ်ကို တာဝန်ရှိသူများက လက်မှတ် ရေးထိုးကြသည်။ အလားတူ မေ ၁၁ ရက်ကလည်း ကယားပြည်နယ်ရှိ နိုင်ငံပိုင် သီရိရုပ်ရှင်ရုံနှင့်ပတ်သက်၍ တာဝန်နှင့် ဝတ္တရား လွှဲပြောင်းခြင်းကို ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

No comments:

Post a Comment