Monday, May 10, 2021

ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး ရခိုင်ပြည်နယ်အတွင်းရှိ လမ်း၊ တံတား တည်ဆောက်ရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 




 နေပြည်တော် မေ ၁၀

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းသန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မေ ၉ ရက် နံနက် ပိုင်းတွင် သံတွဲ - ဂွ -ငါးသိုင်းချောင်းလမ်း(သံတွဲ-ဂွ-လမ်းအပိုင်း) ပြုပြင်ထိန်း သိမ်းထားရှိမှု၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၈)မှ အရှည်ပေ (၃၀၀) ကျောက်ပါးစပ်တံတား တည်ဆောက် ပြီးစီးမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်သော ရတနာမြိုင်- ရေကျော် ကျေးလက်လမ်း ကွန်ကရစ် ခင်းခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိရာ ရခိုင်ပြည်နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာ၊  ညွှန်ကြားရေး မှူး(မြို့ပြ) ဦးထွန်းလင်းမော်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဆောင်ရွက်မည့် ရတနာမြိုင် - ရေကျော်လမ်း (၂)မိုင်အား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ကွန်ကရစ်ခင်းရာတွင်  အရည်အသွေးကောင်းမွန် ရေးကို အလေးထားဆောင်ရွက်ရန် မှာကြားပြီး  လုပ်ငန်းခွင်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၈)မှ တာဝန်ယူ တည်ဆောက်နေသော ဂွချောင်းတံတား တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ကြည့်ရှုစစ်ဆေးသည်။

ဂွချောင်းတံတားသည် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ကို ဆက်သွယ်သည့် ကမ်းခြေ ပတ်လမ်းပေါ်တွင်    တည်ရှိပြီး စုစုပေါင်း တံတားအရှည် (၁၃၉၉)ပေ၊ ယာဉ်သွားလမ်း အကျယ်(၂၄) ပေ၊ လူသွားလမ်း တစ်ဘက် လျင် (၃)ပေ၊ (၆)လက်မစီ ပါရှိပြီး တံတားအမျိုး အစားမှာ တံတား အပေါ်ထည် PC Girder + RC Girder ၊ သံကူ ကွန်ကရစ် ကြမ်းခင်းနှင့် တံတားအောက်ထည်တို့ကို သံကူကွန်ကရစ် ဘိုးပိုင်တို့ဖြင့် တည်ဆောက်ထားပြီး တံတားအောက် ရေလမ်းကင်းလွတ် အကျယ်(၈၅)ပေ၊ အမြင့်ပေ (၂၀)နှင့် တံတား၏ ခံနိုင်ဝန်မှာ (၇၅) တန် ဖြစ်သည်။

ရှင်းလင်းဆောင်တွင် ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်သူရက ဘဏ္ဍာရေးနှစ် အလိုက် တံတား တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများ၊ အရည်အသွေး ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊  ကိုဗစ်-၁၉ ကာကွယ်ရေး အစီအမံများလိုက်နာ ဆောင်ရွက်ထားရှိမှု၊ တည်ဆောက်ရေး လုပ်ငန်း အဆင့်အဆင့် ဆောင်ရွက်ထားရှိမှု မှတ်တမ်းဓါတ်ပုံများ၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြရာ ရခိုင်ပြည်နယ် တံတားများ တာဝန်ခံ အင်ဂျင်နီယာချုပ် ဦးကျော်မျိုးထွန်းက  ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်၊ လမ်းဦးစီးဌာန၊ ရခိုင်ပြည်နယ် လမ်းများတာဝန်ခံ  ဦးကျော်မျိုးထွဋ်နှင့်  ညွှန်ကြားရေးမှူး (မြို့ပြ) ဦးခင်မောင်မြင့်တို့က တံတားချဉ်းကပ်လမ်း များဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို  Power  Point  ဖြင့် ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဂွချောင်းတံတားသည် ဧရာဝတီ တိုင်းဒေသကြီး နှင့် ရခိုင်ပြည်နယ်တို့ကို ဆက်သွယ်သော ကမ်းခြေပတ်လမ်းပေါ်တွင် တည်ရှိပြီး အရေးပါသည့် တံတား တစ်စင်းဖြစ်ပါကြောင်း၊ တံတားကြီးပြီးစီးသွားပါက ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ကို အလွယ်တကူ ဆက်သွယ်သွားလာနိုင်မည် ဖြစ်ပါကြောင်း၊ တံတားတည်ဆောက်ရေး လုပ်ငန်းများ အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေး အဓိကထား ဆောင်ရွက်ရန် လိုပါကြောင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး အထူးဂရုပြု ဆောင်ရွက်ရန်တို့ကို မှာကြားပြီး ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး မင်းသန်း၊ တာဝန်ရှိ လမ်း၊ တံတား ပညာရှင်များ နှင့်အတူ ဂွဘက်ကမ်းတွင် ကမ်းကပ်ခုံ ဘိုးပိုင်တူးခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ရေလည်တိုင်များ ဆောင်ရွက်ပြီးစီးမှုနှင့် ယက်မ လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ ယခုအခါ တံတား တစ်စင်းလုံး ၆၉ ရာခိုင်နှုန်း ပြီးစီးနေပြီး လုပ်ငန်းများ သတ်မှတ်အချိန်မီ ပြီးစီးရေးအတွက် အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျှက်ရှိသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲသည် မွန်းလွဲပိုင်းတွင် သံတွဲ-ဂွ-ငါးသိုင်း ချောင်းလမ်း(ဂွ-ငါးသိုင်းချောင်းအပိုင်း)တွင် ရခိုင်ပြည်နယ် လမ်းဦးစီးဌာနမှ လမ်းပြုပြင်ထိန်း သိမ်းထားရှိမှုတို့ကို လမ်းတလျှောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။  

 

(သတင်းစဉ်)

No comments:

Post a Comment