Monday, May 10, 2021

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေး၊ ဓာတ်အားခွဲရုံများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

 




နေပြည်တော် မေ  ၁၀

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားတိုးမြှင့် ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားစနစ် တည်ငြိမ်တိုး တက်ကောင်းမွန်စေရေးနှင့် ဓာတ်အားခွဲရုံများ အခြေအနေတို့နှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးဇော်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ခေတ္တ ဥက္ကဋ္ဌ၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင် လျှပ်စစ်မန်နေဂျာ၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မန်နေဂျာ၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံတွင် တစ်နိုင်ငံလုံး သန်းခေါင်စာရင်းအရ အိမ်ထောင်စု ပေါင်း (၁၀)သန်းကျော်ရှိသည့်အနက် လျှပ်စစ်မီးအသုံးပြုနေသည့် အိမ်ထောင်စုပေါင်း ()သန်းကျော် ရှိလာပြီး ၎င်းမှ ရန်ကုန်တိုင်းဒေသကြီးသည် ( ဒသမ ) သန်းခန့် အသုံးပြုလျက်ရှိသည့်အတွက် စိတ်ချယုံကြည်ရသော အရည်အသွေးပြည့်ဝ၍ ဗို့အား တည်ငြိမ်သော လျှပ်စစ်ဓာတ်အားများကို စဉ်ဆက်မပြတ် တိုးတက်သုံးစွဲနိုင်ရေး အလေးပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ထိုသို့ ပြည်သူလူထုအတွက် အရည်အသွေးပြည့်ဝပြီး ဝန်ဆောင်မှုကောင်းသည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးနိုင်ရေးတို့အတွက် ဆောင်ရွက်ရာတွင် ဝန်အားပြည့်နေသည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ များကို တိုးချဲ့ဆောင်ရွက်ရန် လိုအပ်သလို တည်ဆောက်ပြီး ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများကိုလည်း စနစ်တကျ ထိန်းသိမ်း ပြုပြင်ခြင်းများ ဟန်ချက်ညီညီ စီမံဆောင်ရွက်သွား ရန်လိုအပ်ကြောင်း။

ထို့ပြင် ဓာတ်အားပျောက်ဆုံးမှု ကျဆင်းရေး အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဓာတ်အား လိုင်းနှင့် ဓာတ်အားခွဲရုံထိန်းသိမ်း ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်သည့်အခါ ဓာတ်အားပိတ်၍ ဆောင်ရွက်ရပါက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီသို့တင်ပြပြီး ပြည်သူသို့ အသိပေးကာ ဓာတ်အားပြတ်တောက်ချိန် အနည်းဆုံးနှင့် ပြည်သူလူထုအပေါ် ထိခိုက်မှု အနည်းဆုံး ဖြစ်စေရေး အလေးအနက်ထား ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပြီးခဲ့သော ကာလများတွင် မိမိတို့ဝန်ထမ်းများအနေဖြင့် မီးသုံးစွဲသူ ပြည်သူလူထုအား လျှပ်စစ်မီး ပြတ်တောက်မှု မရှိစေရေး ဝိုင်းဝန်းထိန်းသိမ်း ကြိုးပမ်း ဆောင်ရွက်ခဲ့မှုအပေါ် ပြည်သူလူထုမှ အသိအမှတ် ပြုခဲ့သဖြင့် ၎င်းအစဉ်အလာကို ဆက်လက် ထိန်းသိမ်းပြီး တိုးတက်အောင် ဆောင်ရွက်သွား ကြရန် လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ပြည်သူလူထုနှင့် အနီးကပ် တိုက်ရိုက် ထိတွေ့ဆက်ဆံရသည့် အတွက် ပြည်သူလူထုအား လေးလေးစားစား ပျူပျူငှာငှာဆက်ဆံပြီး ပြည်သူလူထု၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များ အပေါ် အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးသွားရန်နှင့် ပြည်သူလူထုအတွက် အရည်အသွေး ပြည့်ဝသည့် လျှပ်စစ်ဓာတ်အားများ ဖြည့်ဖြူး ပေးနိုင်ရေး အားလုံးဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း မှာကြား သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင်များ၏ ခရိုင်လျှပ်စစ် မန်နေဂျာများက မိမိတို့ခရိုင်အလိုက် ဓာတ်အားဖြန့်ဖြူး ပေးထားမှု၊ မီးသုံးစွဲသူဦးရေ၊ ဓာတ်အားခကောက်ခံမှု၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းရေး အတွက်  တိုးတက်ကောင်းမွန်စေရန် ဆက်လက်ဆောင်ရွက် မည့်အစီအမံများ နှင့် ဓာတ်အားခွဲရုံများ အခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်း၊ အမှုဆောင်အရာရှိချုပ်က ခရိုင်(၄)ခရိုင်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်း အခြေအနေ များကို ရှင်းလင်းတင်ပြပြီး  ခေတ္တဥက္ကဌ ဦးအောင်ကျော်ဦးက ခရိုင်များအလိုက် တင်ပြချက်များ အပေါ် သုံးသပ်ဆွေးနွေးတင်ပြသည်။

ထို့နောက် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအေးကျော် က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားလိုင်းများ၏ လက်ရှိဆောင်ရွက် နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြပြီး  ဆွေးနွေးတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ  ဖြည့်စွက်ဆွေးနွေးမှာကြား သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားစနစ် တည်ငြိမ်စေရေးအတွက် ၆၆ ကေဗွီ မှ ဗို့ ၄၀၀ အထိ ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ၊ ဓာတ်အားဖြန့်ဖြူးရေး ထရန်စဖော်မာများ မောင်းနှင်ဖြန့်ဖြူး နေမှုများကို အလိုအလျောက် ထိန်းသိမ်းမောင်းနှင် စောင့်ကြည့်နိုင်၍ ဓာတ်အားပြတ်တောက်မှုများ ရှိခဲ့ပါက ဓာတ်အားပြတ်တောက်ရသည့် အကြောင်းအရင်း၊ တည်နေရာများကို အချိန်နှင့်တစ်ပြေးညီ သိရှိပြီး ဓာတ်အားအမြန်ဆုံး ပြန်လည်ရရှိရန် ဆောင်ရွက်နိုင်၍ ဓာတ်အားပြတ်တောက်မှု ကြာချိန်ကို လျော့ချပေးနိုင်ခြင်း၊ ဓာတ်အားပြတ် တောက်မှုများကို အချိန်နှင့်တစ်ပြေးညီ မီးသုံးစွဲသူများထံသို့ Messge ပေးပို့နိုင်ခြင်းတို့အတွက် ဆောင်ရွက်နိုင်ရန် ပထမအဆင့်အနေဖြင့် ဓာတ်အားခွဲရုံ (၁၇) ရုံ အတွက် တည်ဆောက် နေသော ဓာတ်အားဖြန့်ဖြူးမှုကွန်ယက်စနစ် SCADA တည်ဆောက် နေမှုတို့ကို ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း AMI မီတာစနစ်ဖြင့် ဆောင်ရွက်လျက်ရှိ‌သော မြို့နယ်(၇)မြို့နယ်၏ ဆောင်ရွက်နိုင်မှုနှင့် Automatic Billing စနစ်ဖြင့် ဆောင်ရွက်နေသော မြို့နယ်(၂၃)မြို့နယ်တို့၏ ဆောင်ရွက်နိုင်မှုတို့ကို ကြည့်ရှုစစ်ဆေးကာ ပြည်ထောင်စုဝန်ကြီးက စစ်ဆေးတွေ့ရှိချက်များအပေါ် AMI မီတာ စနစ်ကို အသုံးပြုခြင်းအားဖြင့် ပြည်သူလူထုအနေဖြင့် BarCode စနစ်ပါရှိသည့်အတွက် ဓာတ်အားခ ငွေပေးဆောင်ရာတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရန် မလိုအပ်ခြင်း၊ ဌာနနှင့် မီးသုံးစွဲသူ ပြည်သူများအတွက် နှစ်ဖက်မြင်စနစ်ဖြင့် ဆောင်ရွက်ထား၍ ပွင့်လင်းမြင်သာမှုရှိခြင်း၊ မီးသုံးစွဲသူ များ၏ လက်ကိုင်ဖုန်းတွင် mebill Application ကို ဒေါင်းလုပ်ရယူ၍ လက်ရှိလ၏ Bill မှတ်တမ်းနှင့် ဓာတ်အားခ ပေးဆောင်ပြီး/ မပြီးတို့ကို သိရှိနိုင်ခြင်း၊ တစ်နှစ်အတွက် ဓာတ်အားခ ကျသင့်ငွေမှတ်တမ်း၊ လက်ရှိအချိန်၌ သုံးစွဲယူနစ်နှင့် ကျသင့်ငွေတို့ကို အချိန်မရွေးကြည့်ရှု နိုင်ခြင်းနှင့် မီးသုံးစွဲသူပြည်သူများအနေဖြင့် မည်သည့် ဘဏ်နှင့်မဆိုချိတ်ဆက်ပြီး Online Payment ပေးဆောင်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိသည့်အပြင် တစ်ဖက်တွင်လည်း ဓာတ်အားစနစ်လျော့နည်းပျောက်ဆုံးမှု ကျဆင်းသဖြင့် နိုင်ငံတော်၏ ဝင်ငွေတိုးတက် ရရှိလာသောကြောင့် AMI မီတာစနစ်နှင့် Automatic Billing စနစ်များကို တိုင်းဒေသကြီးတစ်ခုလုံး တပ်ဆင်အသုံးပြုနိုင်ရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပြည်သူအတွက် ဝန်ဆောင်မှုပေးနေသော ဌာနဖြစ်သည့်အလျောက် ပြည်သူကို အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ရန် ခေတ်မီတိုးတက်သော နည်းစနစ်များဖြင့် ဆောင်ရွက်သွားရန် လိုအပ် ကြောင်း ပြောကြားသည်။

(သတင်းစဉ်)

No comments:

Post a Comment