နေပြည်တော်
ဖေဖော်ဝါရီ ၃
နိုင်ငံတော်ဓာတ်အား စနစ်အတွင်းသို့
ဓာတ်အားပေးစက်ရုံများ၏ ဓာတ်အားထုတ် လုပ်မှုအခြေအနေမှာ ယနေ့အချိန်တွင် (၃၅၈၆) မဂ္ဂါဝပ်ခန့်
ထုတ်လုပ်ပေးလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၏ အမြင့်ဆုံး ဓာတ်အားသုံးစွဲမှုမှာ (၁၅၄၈
ဒသမ ၂၃) မဂ္ဂါဝပ်ခန့် သုံးစွဲလျက်ရှိရာ တစ်နိုင်ငံလုံး၏ ထက်ဝက်နီးပါးရှိနေ၍ နွေရာသီ
ဓာတ်အားသုံးစွဲမှုများသည့် Peak Load အချိန်များတွင် တိုးတက်သုံးစွဲလာမည့် ဓာတ်အား လိုအပ်ချက်ကို
ဖြည့်ဆည်းပေးနိုင်ရန်အတွက် စီမံဆောင်ရွက်လျက်ရှိသည့် သီလဝါသဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၊
သာကေတ ဓာတ်အားပေးစက်ရုံနှင့် TM - 2500 မိုဘိုင်းဓာတ် အားပေးစက်တို့အား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် အဖွဲ့သည် နံနက်ပိုင်းတွင် သွားရောက် ကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
သီလဝါသဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိပြီး စက်ရုံ ရေရှည်တည်တံ့ခိုင်မြဲရေး၊
စက်စွမ်းအားပြည့် မောင်းနှင်နိုင်ရေးအတွက် ဓာတ်အားပေးစက်များ ကြံ့ခိုင်ရေးကို စဉ်ဆက်မပြတ်
ထိန်းသိမ်းဆောင်ရွက်သွားရန်၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးနှင့် ဓာတ်အားပြတ်တောက် မှုမဖြစ်ပေါ်စေရေး
အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့ပြီး စက်ရုံအတွင်း လှည့်လည်ကြည့် ရှုစစ်ဆေးသည်။
သီလဝါသဘာဝ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံသည်
ရန်ကုန်တိုင်းဒေသကြီး သီလဝါအထူး စီးပွားရေးဇုန်တွင်တည်ရှိပြီး သီလဝါအထူးစီးပွားရေးဇုန်
လျင်မြန်စွာဖွံ့ဖြိုးတိုးတက်စေရန် အဓိကလိုအပ်ချက်ဖြစ်သော လျှပ်စစ်ဓာတ်အားကို အပြည့်အဝ
ရရှိရေးအတွက် ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ကို အသုံးပြုပြီး ၂၅ မဂ္ဂါဝပ်ထွက်ရှိသော
Hitachi H-25 Gas Turbine အမျိုးအစား စက် ၂ လုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား ၅၀
မဂ္ဂါဝပ် ထွက်ရှိသည့်အပြင် ဂျပန်၏အဆင့်မြင့် နည်းပညာဖြင့် သဘာဝ ဓာတ်ငွေ့ထပ်မံ သုံးစွဲရန်မလိုဘဲ
Water Injection နည်းပညာကိုအသုံးပြုကာ လျှပ်စစ်ဓာတ်အား ၅ မဂ္ဂါဝပ်အား အချိန်တိုအတွင်း
ထပ်မံတိုးမြှင့်ထုတ်လုပ်နိုင်သည့်စက်အမျိုးအစား ဖြစ်သည်။ ယင်းစီမံကိန်းကို Japan
ODA Loan ချေးငွေ အမေရိကန်ဒေါ်လာ ၁၂၆ သန်းဖြင့် ၂၀၁၅ ခုနှစ်တွင် စတင်တည်ဆောက်၍ ၂၀၁၆
ခုနှစ်တွင် ပြီးစီးခဲ့ကာ ဓာတ်အားပေးစက်ရုံမှ ထွက်ရှိသော ဓာတ်အားများကို ၂၃၀ ကေဗွီ ကမာနတ်ဓာတ်အားလိုင်း
နှင့် ၂၃၀ ကေဗွီ သန်လျင်ဓာတ်အား လိုင်းတို့ဖြင့် နိုင်ငံတော် ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်၍
လည်းကောင်း၊ သီလဝါအထူးစီးပွားရေး ဇုန်သို့ ၃၃ ကေဗွီ ဖီဒါ ၁၂ ခုဖြင့်လည်းကောင်း၊ ကျောက်တန်းမြို့နယ်သို့
၃၃ ကေဗွီ ဓာတ်အား လိုင်းဖြင့်လည်းကောင်း ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေး လျက်ရှိသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
သာကေတ ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိပြီး လိုအပ်သည်များကိုမှာကြားကာ ဓာတ်အားပေးစက်အား
ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ TM - 2500 မိုဘိုင်းဓာတ်အားပေးစက်သည်
၂၅ မဂ္ဂါဝပ်ထွက်ရှိပြီး ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် နိုင်ငံတော်သမ္မတ၏
အထူးရန်ပုံငွေ ဘီလီယံကျပ် ၃၀ အသုံးပြု၍ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ
၂၀၁၇ ခုနှစ်တွင် စတင်ဆောင်ရွက်၍ စမ်းသပ် မောင်းနှင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှစ၍ နွေရာသီဓာတ်အားသုံးစွဲမှုများ
သည့် Peak Load အချိန်များတွင် ဓာတ်အားထုတ်လုပ်မောင်းနှင် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment