Sunday, February 3, 2019

ဒုတိယ၀န်ကြီး ဦးအောင်လှထွန်း ဖိုတိုလစ်သိုပုံနှိပ်စက်ရုံ၊ The Global New Light of Myanmar သတင်းစာတိုက်တို့အား ကြည့်ရှု့စစ်ဆေး


ရန်ကုန် ဖေဖော်ဝါရီ ၃
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းသည် ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားလမ်းရှိ ဖိုတိုလစ်သိုပုံနှိပ်စက်ရုံသို့ ရောက်ရှိပြီး စက်ရုံတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်းသုံး စာအုပ်များ ပုံနှိပ်ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် စက်ရုံအစည်းအဝေးခန်းမ၌ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဖိုတိုလစ်သို ပုံနှိပ်စက်ရုံ၏ လုပ်ငန်း ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယ၀န်ကြီးက ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းသုံးစာအုပ်များ ပုံနှိပ် ထုတ်လုပ်ခြင်းကို ပြန်ကြားရေးဝန်ကြီး ဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းတာဝန်ယူ ဆောင်ရွက် နေရကြောင်း၊ ကျောင်းသုံးစာအုပ်များ အရည်အသွေး ပြည့်မီပြီး လျာထားချက်နှင့်အညီ အချိန်မီ ပုံနှိပ်ပြီးစီးရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ စက်ရုံလုံခြုံရေးနှင့် မမျှော်လင့်ဘဲ ဖြစ်ပေါ်နိုင်သည့် သဘာဝဘေး ကာကွယ်ရေး အစီအစဉ်များ ထားရှိရေး၊ လျှပ်စစ်အား မပြတ်တောက်ရေးအတွက် အစီအစဉ်များ ထားရှိရေး၊ ရိုက်နှိပ်ပြီး ကျောင်းသုံးစာအုပ်များကို မြန်မာနိုင်ငံအနှံ့ သက်ဆိုင်ရာနေရာများသို့ စနစ်တကျ မပျက်မစီး အချိန်မီ သယ်ယူပို့ပေးနိုင်ရေးနှင့် ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ဝေသည့် ရွှေသွေး ဂျာနယ်များ ကို ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုရန်အတွက် ရောင်းချ ဖြန့်ဖြူးပေးရေး စသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ပညာရေးဝန်ကြီး ဌာနတို့မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့သည်။
ယင်းနောက် ဒုတိယ၀န်ကြီးသည် The Global New Light of Myanmar သတင်းစာတိုက်သို့ ရောက်ရှိပြီး စာတည်းအဖွဲ့၊ ၀န်ထမ်းများနှင့် တွေ့ဆုံပြီး သတင်းစာ အရည်အသွေးပိုင်း ကောင်းမွန်ရေး၊ အမှားကင်းစင်ရေး၊ ၀န်ထမ်းများ လိုအပ်ချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားနိုင်ရေးတို့ အတွက် သတင်းစာ စာတည်းအဖွဲ့၊ ၀န်ထမ်းများနှင့် ညှိနှိုင်းဆွေးနွေးကြပြီး သတင်းစာတိုက်ရှိ စာတည်း ဌာနကို ကြည့်ရှု စစ်ဆေးသည်။

(သတင်းစဉ်)

No comments:

Post a Comment