Sunday, February 3, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဟင်္သာတခရိုင် ပြန်/ဆက်ရုံး ကြည့်ရှုစစ်ဆေး


ဟင်္သာတ ဖေဖော်ဝါရီ ၃
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ မွန်းတည့် ၁၂ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရုံး/စာကြည့်တိုက်(လူထုအခြေပြုဗဟိုဌာန)ကို ကြည့်ရှု စစ်ဆေးပြီး ၀န်ထမ်းများနှင့် တွေ့ဆုံသည်။

ပြည်ထောင်စုဝန်ကြီးသည် ဟင်္သတခရိုင် ပြန်/ဆက်ရုံးရှိ ပြတိုက်ငယ်၊ ကလေး စာဖတ်ခန်းနှင့် စာကြည့်တိုက်တို့အား ကြည့်ရှုစစ်ဆေးပြီး ၀န်ထမ်းများနှင့် တွေ့ဆုံစဉ် လူထုအခြေပြု ဗဟိုဌာနကို အများပြည်သူတို့ ဆုံတွေ့ရာ၊ အသုံးဝင်သည့်နေရာ၊ အားကိုးရာ၊ တန်ဖိုးရှိသည့်နေရာ၊ မြို့တိုင်းတွင် မရှိမဖြစ်လိုအပ်သည့် နေရာတစ်ခု ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ရန်၊ လူထုအခြေပြုဗဟိုဌာနရှိ Book Club ၏ စာဖတ်ဝိုင်းများနှင့် ပြည်သူ့စကားဝိုင်း(Public Talk)များကို သတ်မှတ်ချက်များနှင့်အညီ ထိရောက်အောင် ဆောင်ရွက်ရန်၊ တာဝန်ကျဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များကို စိတ်ပါဝင် စားစွာဖြင့် ကြိုးပမ်းဆောင်ရွက်မှုနှင့်အတူ အရည်အသွေးတိုးတက်အောင် ဆောင်ရွက် ကြရန် မှာကြားခဲ့သည်။
ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment