နေပြည်တော် ဖေဖော်ဝါရီ ၅
ကာကွယ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၏
မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Stephan Pierre Sakalian အား ယနေ့နံနက်
၁၀ နာရီတွင် ကာကွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင်
တပ်မတော်နှင့် ICRC တို့အကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၊ လူသားချင်းစာနာထောက်ထားမှု
ဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများ၊ မိုင်းရှင်းလင်းရေးလုပ်ငန်းများ၊ ဆွေးနွေးပွဲနှင့်
သင်တန်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍
ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment