နေပြည်တော် ဖေဖော်ဝါရီ ၅
မြေလွတ်၊ မြေလပ်နှင့်
မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၁၇) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို
ယနေ့ မွန်းလွဲ ၁ နာရီတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌
ကျင်းပသည်။
အစည်းအဝေးတွင် မြေလွတ်၊
မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ
အောင်သူက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေး
အပါအဝင် အစိုးရက ခွင့်ပြုထားသော ဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်းများကို ထိရောက်မှန်ကန်စွာ
အသုံးချစီမံဆောင်ရွက်နိုင်ရန် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို နိုင်ငံသားတိုင်းလျောက်ထား
သုံးစွဲခွင့်ရှိကြောင်း၊ သဘာဝဂေဟစနစ်နှင့် လိုက်လျောညီထွေမှုရှိသည့် စိုက်ပျိုး မွေးမြူရေးနှင့်
ကုန်ထုတ်လုပ်မှု လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံလုပ်ကိုင်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများက
ကူညီ ဆောင်ရွက်ပေးနေလျက်ရှိသကဲ့သို့ လုပ်ငန်းရှင်များဘက်မှလည်း
သတ်မှတ်ထားသော ဥပဒေ စည်းမျဉ်းစည်းကမ်းများ နှင့်အညီ လိုက်နာဆောင်ရွက်ကြစေရေး ထိန်းကျောင်းကြပ်မတ်ရန်
လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် မြေလွတ်၊
မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ အတွင်းရေးမှူး လယ်ယာမြေစီမံခန့်ခွဲရေးနှင့်
စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက နေပြည်တော်ပြည်ထောင်စုနယ်မြေ၊
တိုင်းဒေသကြီး/ ပြည်နယ် များ၏ စီမံခန့်ခွဲရေးကော်မတီများမှ တင်ပြလာသည့် မြေလွတ်၊ မြေလပ်နှင့်
မြေရိုင်းများ စီမံခန့်ခွဲခြင်းကိစ္စရပ်များအား ကဏ္ဍ တစ်ခုချင်းအလိုက် ရှင်းလင်းတင်ပြသည်။
အစည်းအဝေးတွင် စည်းကမ်းချက်သတ်မှတ်ကာလ
(၄) နှစ်ပြည့်မြောက်ပြီးချိန်အထိ မြေပြင်တွင် အမှန်တကယ် စိုက်ပျိုး လုပ်ကိုင်မှုမရှိသော
လုပ်ကိုင်ခွင့်ချထားမြေများအား ခွင့်ပြုမိန့် ပြန်လည်ရုပ်သိမ်းနိုင်ရေးနှင့် အမှန်တကယ်
စိုက်ပျိုးလုပ်ကိုင် ထားသော မြေဧရိယာအပေါ် ခွင့်ပြုအမိန့်စာအသစ် ထုတ်ပေးနိုင်ရေး၊ မြေလွတ်၊
မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံး ပြုခွင့်လျှောက်ထားလာသည့် လုပ်ငန်းစာတွဲများ၊
ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအရ ပြန်လည်စိစစ်ရန် အကြောင်းကြား ထားခြင်းအပေါ် ပြန်လည်တင်ပြလာသည့်
လုပ်ငန်းစာတွဲများ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ပြန်လည်အပ်နှံခွင့်၊ ပြန်လည်
လျှောက်ထားခွင့်ပြုရန်၊ လယ်ယာမြေသစ်ဖော်ထုတ်ရန်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင်
လုပ်ပိုင်ခွင့်၊ အသုံးပြု ခွင့်လျှောက်ထားခြင်းများနှင့် လျှောက်ထားမှုများအပေါ် ကန့်ကွက်လွှာတင်သွင်းခြင်းအား
စိစစ်ဆောင်ရွက်ရန်တို့ကို ဆွေးနွေးကြ သည်။
ယနေ့အထိ စည်းကမ်းညီညွတ်မှု
မရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း ဧက ၁၄ သိန်းကျော်အား လုပ်ပိုင်ခွင့် ပြန်လည်
သိမ်းဆည်းခဲ့ပြီးဖြစ်ကြောင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီမှ
သိရှိရသည်။
(သတင်းစဉ်)
No comments:
Post a Comment