Friday, February 1, 2019

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ၀န်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E.Mr.PRAK Sokhonn ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ



 နေပြည်တော် ဖေဖော်ဝါရီ 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ၀န်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး H.E. Mr.PRAK Sokhonn ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံ ပူးတွဲကော်မရှင် အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးခဲ့မှု အခြေအနေ၊ နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊  စိုက်ပျိုးရေး၊ ကုန်သွယ်ရေးနှင့် ခရီးသွားလာရေး ကဏ္ဍများ တွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးနိုင်ရေး၊ အခွန်နှစ်ထပ် ကင်းလွတ်ခွင့်ပြုရေး၊  ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်ရေး၊ မန္တလေးမြို့နှင့် ဆီရမ်ရိမြို့တို့အကြား တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲနိုင်ရေးတို့နှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ နိုင်ငံတော်သမ္မတရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ၀န်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယား နိုင်ငံ သံအမတ်ကြီး H.E.Mr. Sok Chea လည်း တက်ရောက်သည်။
                                                                
(သတင်းစဉ်)

No comments:

Post a Comment