Saturday, February 2, 2019

ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့နယ်အတွင်း လူမှုကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းများဆောင်ရွက်


နေပြည်တော်၊ ဖေဖော်ဝါရီ ၂
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်း မြို့နယ်အတွင်းရှိ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများနှင့် မိခင်ဝိုင်းများ ဖွင့်လှစ်ဆောင်ရွက်ရန် အတွက် ထောက်ပံ့ငွေများ ကိုပေး အပ်သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် ကျောက်စရစ်ကုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိကြပြီး လူငယ်ဖံွံ့ဖြိုးရေး ပရဟိတဂေဟာရှိ တာဝန်ရှိသူ များ၊ ကျောက်စရစ်ကုန်း၊ ကင်ပွန်းတန်းအရှေ့၊ အောင်မြေ ရိပ်သာကျေးရွာမှ မိခင်ဝိုင်း ဖွင့်လှစ်မည့် တာဝန်ရှိ သူများ၊ ရပ်မိရပ်ဖများ၊ ပြည်သူများနှင့် တွေ့ဆုံရာတွင်ပြည်ထောင်စုဝန်ကြီး က “နေပြည်တော် ပြည် ထောင်စုနယ်မြေအတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အနေဖြင့် လူမှုဘဝရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုများ အတွက် အမြန်ပြန် လည်တုန့်ပြန် ဆောင်ရွက်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ပြည် ထောင်စုအစိုးရ၊ နေပြည်တော်ကောင်စီ နှင့်အတူ ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ပဋိသန္ဓေ တည်စမှ သက်ကြီးရွယ်အိုအထိ လူသားဘဝဖြစ်စဉ် အဆင့်ဆင့် တွင် လူ့ဂုဏ်သိက္ခာနှင့်အညီ ရှင်သန် ဖွံ့ဖြိုးရေးအတွက် ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးသူငယ်များ၊ လူငယ်များ၊ မသန် စွမ်းများ၊ သက်ကြီး ရွယ်အိုများစသည်ဖြင့် ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်အောင် လူမှုကာကွယ် စောင့်ရှောက်ရေး နည်း လမ်းများဖြင့် ကူညီထောက်ပံ့ပေးလျက် ရှိပါကြောင်း၊ မိမိတို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံအနေဖြင့် ပြည်သူလိုအပ်ချက် အားလုံးကို ပြည့်ပြည့်ဝဝ မဖြည့်ဆည်းနိုင်သေးသော်လည်း မျှတစွာရရှိခံစား စေရန်နှင့် လိုအပ်နေသော ပြည်သူများ အမှန် တကယ် အကျိုးရှိစေရန်အတွက် အစိုးရအနေဖြင့် တာဝန်ယူ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ပရဟိတ လုပ်ငန်း ဆိုသည်မှာ ကိုယ်ကျိုးအနစ်နာခံပြီး အချိန်ပေးရသော အလုပ်ဖြစ်သဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်မှုများကိုလည်း ကျေးဇူးတင် အသိအမှတ် ပြုပါကြောင်း၊ မိခင်ဝိုင်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျေးရွာတိုင်းတွင် ဖွင့်လှစ်နိုင် ရေးကို လည်း မျှော်မှန်းထားပါကြောင်းနှင့် သက်ကြီးရွယ်အိုများကို လစဉ်ပင်စင်၊ ကိုယ်ဝန်ဆောင်နှင့် ၄င်းမှ မွေးဖွားသော ကလေး အသက်(၂) နှစ်ထိ ငွေကြေးထောက်ပံ့မှု အစီအစဉ်များကိုလည်း နိုင်ငံ၏ ဘဏ္ဍာရေးအခြေအနေ ပေါ်မူတည်၍ ဆက်လက်တိုးမြှင့် ထောက်ပံ့ဆောင်ရွက်မည် ဖြစ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ကကျောက်စရစ်ကုန်း လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ အတွက် ထောက်ပံ့ငွေ (၉၃၄၂၀၀၀ိ)ကျပ်၊ ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းများ ဖြစ်သော ဒဟတ်ကုန်းမူကြို၊ အမှတ်(၁) ကာကွယ်ရေးပစ္စည်း စက်ရုံမူကြို၊ အမှတ်(၄)ကာကွယ်ရေးပစ္စည်း စက်ရုံမူကြို၊ တပ်မတော်ဆေးသုတေသန တပ်မူကြို၊ အမှတ်(၁၀၉) ခြေမြန်တပ် ရင်းမူကြို၊ အမှတ် (၂၀၃၂)လေကြောင်းရန် ကာကွယ်ရေး တပ်မူကြိုတို့အတွက် ထောက်ပံ့ငွေကျပ်(၃၆)သိန်း၊ ကျောက် စရစ်ကုန်း၊ ကင်မွန်းတန်းအရှေ့၊ အောင်မြင်ရိပ်သာ ကျေးရွာများတွင် ဖွင့်လှစ်မည့် မိခင်ဝိုင်း(၃) ဝိုင်းအတွက် ထောက်ပံ့ ငွေကျပ် (၉၇၈,၀၀၀) တို့ကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံ ရယူကြပြီး တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးကျော်တင့်က ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သုဇနကာရီ လူငယ်ဖွံ့ဖြိုးရေးဂေဟာနှင့် အေးမေတ္တာ စံပရဟိတ ဂေဟာများသို့ ဝင်ရောက်ပြီး ကလေးငယ်များ၏ ကျန်းမာရေး အခြေအနေနှင့် နေ့စဉ် ဆောင်ရွက်ဖွယ် လုပ်ငန်းများကို ကြည့်ရှုလေ့လာခဲ့ပြီး မုန့်နှင့်အရုပ်များ ပေးဝေခဲ့ကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment