Saturday, February 2, 2019

မြန်မာနိုင်ငံဗိသုကာကောင်စီ အကြီးတန်းဗိသုကာလိုင်စင်နှင့် ဗိသုကာလိုင်စင်ရရှိသူများအား စတုတ္ထ အကြိမ်မြောက် အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲကျင်းပ


နေပြည်တော် ဖေဖော်ဝါရီ ၂
မြန်မာနိုင်ငံဗိသုကာကောင်စီ အကြီးတန်းဗိသုကာလိုင်စင်နှင့် ဗိသုကာလိုင်စင်ရရှိသူ များအား စတုတ္ထ အကြိမ်မြောက် အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီခွဲ တွင် ရန်ကုန်မြို့၊ ရန်ကုန်စက်မှုတက္ကသိုလ် (စက်မှုခန်းမ)၌ ကျင်းပရာ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် တက်ရောက်အဖွင့်အမှာစကား ပြောကြား သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က နိုင်ငံတော်စီးပွားရေးမူဝါဒ၊ လုပ်ငန်းစဉ် များ အကောင် အထည်ဖော်ရာတွင် ဗိသုကာများ၊ အင်ဂျင်နီယာများ၏ အခန်းကဏ္ဍမှာ အလွန်အရေးပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် စည်းမျဉ်း၊ စည်းကမ်းကြပ် မတ်ထိန်းသိမ်းသည့် Regulatory Body အဖြစ် ရပ်တည်ဆောင်ရွက်သွားမှာ ဖြစ်သည့်အတွက် အင်ဂျင်နီယာ၊ ဗိသုကာ ဆိုင်ရာ အတတ် ပညာများ နိုင်ငံတကာ အဆင့်မီ စံချိန်စံညွှန်းများနှင့် စနစ်တကျ ပြဋ္ဌာန်းဆောင် ရွက် သွားနိုင်အောင် အထူးအလေးထားဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း။

ဝန်ကြီးဌာနမှ ဗိသုကာကောင်စီဥပဒေနှင့် နည်းဥပဒေတို့အပြင် ပြဋ္ဌာန်းထားသော လုပ်ထုံးလုပ်နည်း များကို မြန်မာတစ်ပြည်လုံး သက်ရောက်နိုင်အောင် သက်ဆိုင်ရာအစိုးရ အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် ဗိသုကာအတတ်ပညာ ဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အမြဲ တမ်း ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည် ဖြစ်သကဲ့သို့ ဗိသုကာ ၊ အင်ဂျင်နီယာနှင့် ကျွမ်းကျင် ပညာရှင်များ စဉ်ဆက်မပြတ် မွေးထုတ်နိုင် သော်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ပထဝီအနေအထား အားသာချက်နှင့် လူမှုစီးပွား ဖွံ့ဖြိုးမှု အခွင့်အလမ်း အလား အလာများ၊ ပုဂ္ဂလိကအခန်းကဏ္ဍကို မြှင့်တင်ပေးမှုများကြောင့် မြန်မာ နိုင်ငံတွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာမှုနှင့်အတူ အတတ်ပညာ ၊ နည်းပညာ ၊ လုပ်ငန်းပိုင်း ဆိုင်ရာ အခွင့်အလမ်းအသစ်များ ပေါ်ထွက်လာပြီး နိုင်ငံတော်တွင် အခြေခံအဆောက်အအုံနှင့် အဆောက်အဦများ တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်နှင့် ဖွံ့ဖြိုးတိုးတတ်လာမည် ဖြစ်ပါ ကြောင်း။
ယခုအခါ ပြောင်းလဲတိုးတက်မှု တစ်ရပ်အနေနှင့် MEngC, MAC ကောင်စီများက အသိအမှတ်ပြု အင်ဂျင်နီယာ၊ ဗိသုကာများအနေနှင့် နိုင်ငံတစ် ဝှမ်းလုံးရှိ စည်ပင်သာယာ ရေးကော်မတီများမှာ သီးခြား လိုင်စင်လျှောက်ထားရန်မလိုဘဲ အဆောက်အဦ တည်ဆောက် ခွင့်ပြုချက်ရယူရန် ပုံစံရေးဆွဲ တင်သွင်း ခွင့် ဆောက်လုပ်ခွင့်များရရှိလာမည် ဖြစ်သည့် အတွက် မိမိတို့၏အခန်းကဏ္ဍ ပိုမိုအရေးပါလာသကဲ့သို့ တာဝန်ယူမှု၊ တာဝန်ခံမှုများ ကိုလည်း ကောင်စီများက ချမှတ်သည့် Guideline များနှင့်အညီ ကိုယ်စီ တာဝန်ခံ ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ ဗိသုကာများ၊ အင်ဂျင်နီယာများအနေနှင့် ပညာရပ်ပိုင်း လုပ်ငန်း ကျွမ်းကျင်မှုအပိုင်းတွင် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိအောင်၊ အထူးသဖြင့် အာဆီယံ စီးပွားရေး အသိုက်အဝန်းတွင် ဝင်ဆံ့ပြီး စွမ်းဆောင်နိုင်သူများဖြစ်အောင် အထူးကြိုးပမ်း အားထုတ် ကြရန် အထူးတိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဗိသုကာကောင်စီဥက္ကဋ္ဌ ဦးသော်မှ ဗိသုကာကောင်စီ၏ လုပ်ငန်းစဉ်များ ၊ ဥပဒေ ၊ စည်းမျဉ်း ၊ စည်းကမ်းများ ၊ ဗိသုကာလိုင်စင် ရရှိသူများ၏ လိုက်နာရမည့် ကျင့်ဝတ် များ၊ ကျင့်ထုံး ဆိုင်ရာများ ၊ ပြဋ္ဌာန်း ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ ဗိသုကာကောင်စီ ဒုတိယဥက္ကဋ္ဌ(၂)ဒေါ်လှိုင်မော်ဦးက သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများနှင့် လိုင်စင်ရဗိသုကာများ၏ အခန်းကဏ္ဍများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြား သည်။
ယင်းနောက် မြန်မာနိုင်ငံ ဗိသုကာအသင်းဥက္ကဋ္ဌ ဦးမော်လင်းက တိုးတက်ဖြစ်ပေါ် လာမည့် လိုင်စင်ရ ဗိသုကာများ၏ တာဝန်နှင့် ဝတ္တရားများကိုရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အကြီးတန်းလိုင်စင်ရ ဗိသုကာများနှင့် လိုင်စင်ရဗိသုကာများက မြန်မာနိုင်ငံ ဗိသုကာ ကောင်စီဥက္ကဋ္ဌ ရှေ့မှောက်တွင် ကတိသစ္စာခံယူကြသည်။
ထို့နောက် မြန်မာနိုင်ငံဗိသုကာကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က အကြီးတန်း ဗိသုကာ လိုင်စင်ရရှိ သူများနှင့် ဗိသုကာလိုင်စင် ရရှိသူများအား အသိအမှတ်ပြု လက်မှတ် များပေးအပ်ခဲ့သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ ဗိသုကာကောင်စီက ကြီးကြပ်စစ်ဆေးခဲ့သော ဗိသုကာ လိုင်စင်စာမေးပွဲ များကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့သော အကြီးတန်းဗိသုကာလိုင်စင် ရရှိသူ (၄၆)ဦး၊ ဗိသုကာ လိုင်စင်ရရှိသူ(၈၈)ဦး၊ စုစုပေါင်း(၁၃၄)ဦးအား အသိအမှတ်ပြု လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
(သတင်းစဉ်)

No comments:

Post a Comment