Saturday, February 2, 2019

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု တောင်ကုတ်မြို့နယ်အတွင်း ကျေးရွာများမှ ဒေသခံပြည်သူများအား တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေး


သံတွဲ ဖေဖော်ဝါရီ ၂
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ယနေ့နံနက်ပိုင်းတွင် ပြည်နယ်စည်ပင် သာယာရေးဝန်ကြီး ဦးဝင်းမြင့်နှင့် ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာတို့နှင့် အတူ တောင်ကုတ်မြို့နယ် ဆားပြင် ကျေးရွာ၊ ကင်းတောင်ကျေးရွာနှင့် ကမ်းဒေး ကျေးရွာတို့မှ ဒေသခံပြည်သူများအား တွေ့ဆုံပြီး ဒေသ ဖွံ့ဖြိုးရေး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ပြည်နယ်ဝန်ကြီးချုပ်သည် ယနေ့နံနက်ပိုင်းတွင် တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာသို့ရောက်ရှိပြီး ကျေးရွာချောင်းကူး တံတား တည်ဆောက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ဆားပြင်ကျေးရွာ သံမဏိ ဓမ္မ၀ိဟာရ ကျောင်းတိုက်မှ ကျောင်းနေ သံဃာ တော်အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် သံမဏိဓမ္မ၀ိဟာရ ကျောင်းတိုက်၌ ဆားပြင်ကျေးရွာနှင့်အနီး ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ များအားလည်းကောင်း၊ ကင်းတောင် ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကင်းတောင်ကျေးရွာနှင့် အနီးပတ်ဝန်း ကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား လည်းကောင်း၊ ကမ်းဒေးကျေးရွာအခြေခံပညာ အထက်တန်းကျောင်း၌ ကမ်းဒေးကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေး ရွာ များ မှ ဒေသခံပြည်သူများအားလည်းကောင်းတွေ့ဆုံသည်။
တွေ့ဆုံပွဲများတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိနှင့်တာဝန်ရှိသူများ ဒေသခံ ပြည်သူများနှင့် ယခုကဲ့သို့ လာရောက်တွေ့ ဆုံသည်မှာ ဒေသခံပြည်သူများ၏ လိုအပ် ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်ဖြစ်ပါ ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် ပြောကြားလိုသည်များကို ပွင့်ပွင့်လင်းလင်း တင်ပြကြစေလို ကြောင်း၊ သို့မှသာလိုအပ် ချက်များကိုသိရှိပြီး ရေတို၊ ရေရှည်သတ်မှတ် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါ ကြောင်း၊ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြည်နယ်အစိုးရ သာမက ပြည်ထောင်စုအစိုးရ အနေ ဖြင့်လည်း အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း။
ယခုအခါရခိုင်ပြည်နယ်တွင် မာန်အောင်မြို့နယ်မှအပ အခြားမြို့နယ်အားလုံး လျှပ်စစ်မီး ရရှိနေပြီ ဖြစ်ပါကြောင်း၊ လျှပ်စစ်မီး ရရှိနေပြီဖြစ်သည့်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားကုန်ထုတ်လုပ်မှု လုပ်ငန်းများကိုစီးပွားဖြစ် ဆောင်ရွက်ကြစေလို ပါကြောင်း၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများအနေဖြင့် နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြော ကြားသည်။
တွေ့ဆုံပွဲများ၌ ဒေသခံပြည်သူများက ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်မီး ရရှိရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ပေးစေလိုသည်များကို တင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ နှင့် တာဝန်ရှိသူ များကဖြည့်ဆည်း ပေးနိုင်သည်များကို ဖြည်းဆည်းဆောင်ရွက်ပေးခဲ့ပြီး ရေရှည်ဆောင် ရွက်ပေးသွားရမည့် ကိစ္စရပ်များအား မှတ်သားပြီး အလေးထားဆောင် ရွက်ပေးသွား မည်ဖြစ်ကြောင်း ရှင်းလင်းပြော ကြားကြသည်။
ပြည်နယ်ဝန်ကြီးချုပ်သည် ဆားပြင်ကျေးရွာ ပြည်သူများနှင့်တွေ့ဆုံစဉ် ဆားပြင် ချောင်းကူးတံတား ချဉ်းကပ်လမ်းဆောင် ရွက်ရန်အတွက် အလှူငွေ သိန်း၃၀ကို လည်း ကောင်း၊ ကင်းတောင်ကျေးရွာ ပြည်သူများနှင့်တွေ့ဆုံစဉ် ကင်းတောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းအတွက် ကွန်ပျူတာ နှင့် ကာလာပရင်တာတစ်စုံ အတွက် အလှူငွေ ၆ သိန်းကို လည်း ကောင်း၊ ကမ်းဒေးကျေးရွာ ပြည်သူ များနှင့် တွေ့ဆုံ စဉ် ချောင်းသုံးခွကျေးရွာ ရေမြောင်းပိုက်အတွက် အလှူငွေ ၁၀သိန်း၊ ကမ်းဒေးကျေး ရွာ လမ်းအတွက် အလှူငွေ ၅ သိန်းနှင့် ဘာရေကျေးရွာ လမ်းအတွက် အလှူငွေ ၈ သိန်း တို့ကို လည်းကောင်း တာဝန်ရှိသူများထံ ပေးအပ်ခဲ့ပြီးကင်းတောင်ကျေးရွာသို့ ရောက်ရှိ စဉ်ကျေးရွာအရန် မီးသတ်စခန်းအား ကြည့်ရှုကာ မီးသတ်စခန်းအတွက် လိုအပ်သည့် မီးသတ်ယာဉ်ရရှိရေးအတွက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
သတင်းနှင့်ဓာတ်ပုံ- မျိုးမြင့်

No comments:

Post a Comment