Saturday, February 2, 2019

မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၏ (၁၃) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားနှင့် ပညာ ရည်ချွန်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ




ရန်ကုန်၊ ဖေဖ်ာဝါရီ ၂
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရေကြောင်းပညာ တက္ကသိုလ်၏ (၁၃)ကြိမ် မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားနှင့် ပညာရည်ချွန်ဆု ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် မြန်မာနိုင်ငံ ရေကြောင်း ပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ထူးချွန်ကျောင်းသား များအား ဆုချီးမြှင့်ရာ ရေယာဉ်တည်ဆောက်မှု အင်ဂျင်နီယာ ပညာဘာသာရပ် (NA)မှ ကျောင်သား မောင်ကောင်းပြည့်ဝန်း ကို တော်ဝင်ရေယာဉ် ဗိသုကာအသင်း(အင်္ဂလန်)(RINA Myanmar Shipyard Award)၏ ရွှေတံဆိပ်ဆုနှင့် ငွေကျပ် နှစ်သိန်းအား လည်းကောင်း၊ ဆိပ်ကမ်း အင်ဂျင်နီယာပညာ ဘာသာရပ်(PH)မှ ကျောင်းသူ မမြမျိုးမြင့်နွယ်ကို Hutchison Port Holding (Hong Kong) ၏ Best Port and Habour Engineer Student Prize (HPH) ရွှေတံဆိပ်ဆုနှင့် အမေရိကန် ဒေါ်လာ(၁၀၀၀) အား လည်းကောင်း၊ ရေကြောင်း လျှပ်စစ်နှင့် အီလက် ထရောနစ်ဘာသာရပ်မှ ကျောင်းသူ မသူသူထွန်းကို Maersk Line Shipping Co.,Ltd ၏ Best Marine Electrical System & Electronics Engineering Student Prize ဆုငွေကျပ်တစ်သိန်းအားလည်းကောင်း ချီးမြှင့်ပေးအပ်သည်။
အလားတူတာဝန်ရှိသူများကဂျပန်နိုင်ငံ YANMAR Co.Ltd ၏ Best Marine Engineer Student Prize (ရွှေနာရီဆု) ဆုကိုရေကြောင်းအင်ဂျင်နီယာပညာ ဘာသာရပ် (ME)မှ ကျောင်းသား မောင်ဆက်ပိုင်မှူး အားလည်းကောင်း ၊ ဂျပန်နိုင်ငံ Furuno Electric Co.,Ltd ၏ Best Nautical Science Student Prize (ဂုဏ်ပြုဆု) ကို ရေကြောင်းသိပ္ပံဘာသာရပ်မှ ကျောင်းသား မောင်စိုင်းညီညီလွင်နှင့် မောင်တူးရှန်အား လည်းကောင်း၊ Starhigh-Asia Pacific Pte.,Ltd ၏ Best River & Costal Engineer Student Prize ဆုအဖြစ် ကျပ်ငွေ (၅) သိန်းအား မြစ်ချောင်းနှင့်ကမ်းရိုးတန်း အင်ဂျင်နီ ယာဘာသာရပ်မှ ကျောင်း သူ မအိဖူးသွယ်နှင့် Brilliant Marine Training Centre ၏ Best Marine Mechanical Engineer Student Prize ဆုအဖြစ်ငွေကျပ် (၃)သိန်းအား ရေကြောင်းစက်မှု အင်ဂျင်နီယာဘာသာရပ်မှ ကျောင်း သူ မစုသဲဖြူအား လည်းကောင်း ဆုများပေးအပ်ချီးမြှင့်သည်။
အဆိုပါ ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ရေယာဉ်တည်ဆောက်မှုပညာဘွဲ့ (၄၅)ဦး၊ ရေကြောင်း အင်ဂျင်နီယာဘွဲ့(၆၄)ဦး၊ ဆိပ်ကမ်းအင်ဂျင်နီယာဘွဲ့(၂၅)ဦး၊ မြစ်ချောင်းနှင့် ကမ်းရိုးတန်း အင်ဂျင်နီယာ ဘွဲ့(၅)ဦး၊ ရေကြောင်းလျှပ်စစ်နှင့် အီလက်ထရောနစ်ပညာဘွဲ့ (၂၉)ဦး၊ ရေကြောင်းစက်မှု အင်ဂျင် နီယာဘွဲ့(၂၄)ဦး၊ ရေကြောင်းသိပ္ပံဂုဏ်ထူးဘွဲ့(၅၈)ဦး၊ ရေကြောင်းသိပ္ပံဘွဲ့(၆)ဦး၊ ဘွဲ့လွန်ဒီပလိုမာ (၁၀၂)ဦး၊ မဟာအင်ဂျင်နီယာဘွဲ့ (၂) ဦးနှင့် ထောက်ပံ့သယ်ယူ ပို့ဆောင်ရေး ဒီပလိုမာ (၁၀၁) ဦး စုစုပေါင်း (၄၆၁)ဦးတို့အား သက်ဆိုင်ရာဘွဲ့၊ ဒီပလိုမာနှင့် မဟာအင်ဂျင်နီယာဘွဲ့များ ချီးမြှင့်ပေးအပ် ခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ကို ၂၀၀၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ကာ ရေကြောင်းဘက်ဆိုင် ရာဘွဲ့နှင့် ဒီပလိုမာဘွဲ့ရ ကျောင်းသားကျောင်းသူစုစုပေါင်း (၄၇၉၀)ဦး မွေးထုတ်ပေးခဲ့ပြီး ဖြစ် ကြောင်းသိရသည်။
(သတင်းစဉ်)

No comments:

Post a Comment