Saturday, February 2, 2019

ဒုတိယ၀န်ကြီးဦးအောင်လှထွန်း ရုပ်သံသတင်းတင်ဆက်မှု သင်တန်းဖွင့်ပွဲသို့ တက်ရောက်အမှာစကားပြောကြား၊ အင်းစိန်မြို့နယ်ရှိ ပုံနှိပ်စက်ရုံများ ကြည့်ရှုစစ်ဆေး၊ ကျောင်းသုံးစာအုပ်များ အရည်အသွေးပြည့်မီပြီး အချိန်မီပုံနှိပ်ပြီးစီးရေး တာဝန်ရှိသူများအားမှာကြား


ရန်ကုန်၊ ဖေဖော်ဝါရီ ၂
မြန်မာနိုင်ငံ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သူများအသင်းက စီစဉ်ကျင်းပသည့် ရုပ်သံသတင်း တင် ဆက်သူများ သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ရန်ကုန်မြို့ ကမာရွတ်မြို့နယ် Junction Square ရှိ MMDC သင်တန်းခန်းမ၌ ကျင်း ပရာ ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ (Broadcasting Governing Body-BGB) ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင် လှထွန်း တက်ရောက်အမှာစကားပြောကြားသည်။

ဒုတိယ၀န်ကြီးက ယနေ့သင်တန်းသည် မြန်မာနိုင်ငံ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သူများ အသင်းက ပထမဆုံးကျင်းပ သည့် ရုပ်သံသတင်း တင်ဆက်သူများအတွက် သတင်းတင်ဆက်ခြင်း ဆိုင်ရာ သင်တန်းဖြစ်သဖြင့် မြန်မာမီဒီယာလောက ဖွံ့ဖြိုးတိုး တက်ရေးအတွက် အရေးကြီးသည့် အခမ်း အနား ဖြစ်ပါကြောင်း၊ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ မီဒီယာအဖွဲ့အစည်းများ ပူးပေါင်း ကျင်းပခြင်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအတွက် လွတ်လပ်ပြီး အမှီအခိုကင်း၍ မိမိကိုယ်ကို ထိန်းကျောင်း နိုင်သည့် မီဒီယာပေါ်ထွန်းလာရေးသည် အလွန်အရေးကြီးပါကြောင်း၊ မိမိတို့နိုင်ငံသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလဖြစ်သည့်အတွက် စိန်ခေါ်မှုများစွာ ကြုံတွေ့နေရသကဲ့သို့ တစ်ဖက်က လည်း ဖွံ့ဖြိုးတိုးတက် ရန် အခွင့်အလန်းများစွာ ရှိပါကြောင်း၊ ယင်းကို နိုင်ငံတကာအသိုင်း အ၀ိုင်းသို့ ရှင်းလင်းတင်ပြသည့်အခါ မြန်မာမီဒီယာများ ၏ အခန်းကဏ္ဍ သည် အလွန်အရေးကြီးပါကြောင်း၊ ယနေ့ သင်တန်းသည် ထိုစိန်ခေါ်မှု များကို ကျော် လွှားသည့်နေရာတွင် တစ်ခန်း တကဏ္ဍမှ အထောက်အကူ ပြုမည်ဟုယုံကြည်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယ၀န်ကြီးသည် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစည်း အဝေးခန်းမ၌ ကျင်းပသည့် ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ် ငန်းများ ကြီးကြပ်မှုအဖွဲ့(BGB) လုပ်ငန်း ညှိနှိုင်းအစည်းအဝေး(၁/၂၀၁၉)သို့တက် ရောက်ပြီး BGB အဖွဲ့ဝင်များဖြစ်ကြသည့် ပြန်ကြားရေးဝန်ကြီး ဌာန၊ ရုပ်မြင်သံကြားနှင့် FM များမှ တာဝန်ရှိသူများနှင့် ရုပ်/သံ မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရုပ်/သံ မီဒီယာ လောကတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုအခက်အခဲများကို ပူးပေါင်း ဖြေရှင်း သွားနိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ ၀ိုင်းဝန်း ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် ဒုတိယ၀န်ကြီးသည် အင်းစိန်မြို့နယ်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေ ရေး ဦးစီးဌာန ဂျီတီစီပုံနှိပ်စက်ရုံသို့ ရောက်ရှိပြီး ပြန်ကြားရေးဝန်ကြီး ဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းသုံးစာအုပ်များ ပုံနှိပ်ထုတ်လုပ်နေမှုနှင့် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေ အနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ထို့နောက် ဒုတိယ၀န်ကြီးက တာဝန်ရှိသူများအား ကျောင်းသုံးစာအုပ်များ အရည်အသွေးပြည့်မီပြီး လျာ ထားချက်နှင့်အညီ အချိန်မီ ပုံနှိပ်ပြီးစီးရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မီးဘေးလုံခြုံမှု သတိရှိရေး၊ သက်ဆိုင်ရာနေရာများသို့ စနစ်တကျ သယ်ယူပို့ဆောင်နိုင်ရေး တို့နှင့်စပ်လျဉ်း၍ မှာကြားပြီး ဂျီတီစီ၊ စာပေ ဗိမာန်နှင့် အောင်ဆန်း ပုံနှိပ်စက်ရုံများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
(သတင်းစဉ်)

No comments:

Post a Comment