Tuesday, February 5, 2019

မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေး


 
နေပြည်တော် ဖေဖော်ဝါရီ 
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သံအမတ်ကြီး H.E. Mr. Lee Sanghwa ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ မန္တလေးမြို့ပြ လူထုသယ်ယူ ပို့ဆောင်ရေးဆိုင်ရာကိစ္စရပ်များ၊ တွံတေးတူးမြောင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ လေကြောင်းလိုင်း တိုးချဲ့ပြေးဆွဲရေးဆိုင်ရာကိစ္စရပ်များနှင့် e-Government Integrated Data Center (e-GIDC) တည်ထောင်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး၊ ဦးသာဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment