နေပြည်တော် ဖေဖော်ဝါရီ ၅
ဂျပန်နိုင်ငံသို့
မြန်မာနိုင်ငံမှ အထူးကျွမ်းကျင် အလုပ်သမားများ စေလွှတ်နိုင်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး
H.E. Mr. Ichiro MARUYAMA နှင့် ယနေ့မွန်းလွဲ ၁ နာရ်ီတွင် နေပြည်တော်ရှိ ဝန်ကြီးရုံး
အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဂျပန်နိုင်ငံတွင်
နိုင်ငံခြားသားအလုပ်သမားဥပဒေ ပြင်ဆင်ရေးဆွဲ
အတည်ပြုပြီး မြန်မာ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ တရုတ်၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် ကမ္ဘောဒီးယား
စသည့်အာရှနိုင်ငံများမှ အထူးကျွမ်းကျင်လုပ်သားများ ခေါ်ယူမည့် အခြေအနေအား ဂျပန်ဝန်ကြီးချုပ်
ဦးဆောင်၍ အာရှနိုင်ငံများမှ သံအမတ်ကြီးများနှင့် အစည်းအဝေးကျင်းပခဲ့မှု၊ အထူးကျွမ်းကျင် အလုပ်သမားများခေါ်ယူရာတွင် ယခင်နည်းပညာသင်တန်း
အလုပ်သမားများကဲ့သို့ ဂျပန်နိုင်ငံတွင် ပညာသင်ပြီး အလုပ်လုပ်ဆောင်ရွက်ရန် မဟုတ်ဘဲ သက်ဆိုင်ရာနိုင်ငံတွင်
နည်းပညာ ဆန်းစစ်ခြင်း စာမေးပွဲနှင့် ဂျပန်ဘာသာ စကားပြော စာမေးပွဲများပြုလုပ်ပြီး ဖြေဆိုအောင်မြင်သူများအား
အလုပ်ခန့်မည့် ကုမ္ပဏီများမှ တိုက်ရိုက်လာရောက် ရွေးချယ်သည့်စနစ်ဖြင့် ရွေးချယ်မည့်အခြေအနေ၊
ရွေးချယ်ခန့်ထားမည့် အလုပ်သမားများအနေဖြင့် ဂျပန်နိုင်ငံရှိ အလုပ်သမား များနည်းတူ တန်းတူအခွင့်အရေးနှင့်
လုပ်ခလစာရရှိမည့် အခြေအနေ၊ ဂျပန် - မြန်မာ နှစ်နိုင်ငံ အစိုးရများအကြား အလုပ်သမားစေလွှတ်ရေး
နားလည်မှုစာချွန်လွှာ (MOC) ကို လာမည့် မတ်လကုန်တွင် ရေးထိုးနိုင်မည့် အခြေအနေ၊ နှစ်နိုင်ငံ
ဝန်ကြီးအဆင့် (MOC) လက်မှတ်ရေးထိုးခြင်းမပြုမီ နှစ်နိုင်ငံညွှန်ကြားရေးမှူးချုပ်အဆင့်
(MOC) လက်မှတ်ရေးထိုးနိုင်ရေး၊ ဟိုတယ်လုပ်ငန်းများတွင် မြန်မာလုပ်သားများအား ဂျပန်နိုင်ငံလုပ်ငန်းရှင်များမှ
မြန်မာနိုင်ငံတွင် လာရောက်၍ ၃ လ သင်တန်း ကြိုတင်ပေးပြီး အလုပ်သမားခေါ်ယူရေးတို့ကို ရင်းနှီးပွင့်လင်းစွာ
ဆွေးနွေးကြသည်။
(သတင်းစဉ်)
No comments:
Post a Comment