Wednesday, February 6, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် တွေ့ဆုံ


နေပြည်တော် ဖေဖော်ဝါရီ ၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E Mr. Ichiro MARUYAMA နှင့် ယမန်နေ့ မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် စပ်လျဉ်း၍ ဂျပန်နိုင်ငံက ကူညီဆောင်ရွက်ပေးနေမှုများ၊ စီမံချက်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အခြေအနေများ၊ ပြန်လည် လက်ခံရေး အစီအမံများ နှင့်ပတ်သက်၍ မြန်မာနိုင်ငံက ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းရှိ နေရပ်စွန့်ခွာသူများ သိရှိနိုင်ရေးအတွက် အဓိက သတင်းအချက်အလက်များ ပါဝင်သည့် Factsheet စီစဉ်ဆောင်ရွက်နေမှုနှင့် အဆိုပါ Factsheet အား နေရပ်စွန့်ခွာသူများသို့ ဖြန့်ဝေနိုင်ရန် မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ လက်ရှိ ဆောင်ရွက်မှုများတွင် ဂျပန်နိုင်ငံမှ ပူးပေါင်း ကူညီဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးကြသည်။
 (သတင်းစဉ်)

No comments:

Post a Comment