Wednesday, February 6, 2019

နယူးဇီလန် နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန မူဝါဒရေးရာဆောင်ရွက်သူ၊ အာရှနှင့် အမေရိကန် နိုင်ငံများဆိုင်ရာ အဖွဲ့၏ ဒုတိယအတွင်းရေးမှူး ရန်ကုန်မြို့သို့ရောက်ရှိ


ရန်ကုန် ဖေဖော်ဝါရီ ၆
နယူးဇီလန် နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန မူဝါဒရေးရာဆောင်ရွက်သူ၊ အာရှနှင့် အမေရိကန် နိုင်ငံများဆိုင်ရာအဖွဲ့၏ ဒုတိယအတွင်းရေးမှူး Mr. Ben King သည် ဖေဖော်ဝါရီ ၇ ရက်တွင် နေပြည်တော်၌ ကျင်းပမည့် ပထမအကြိမ် မြန်မာ - နယူးဇီလန် နှစ်နိုင်ငံ မူဝါဒရေးရာ ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ရန် ယနေ့မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိသည်။

အဆိုပါ နယူးဇီလန် နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန မူဝါဒရေးရာ ဆောင်ရွက်သူ၊ အာရှနှင့် အမေရိကန်နိုင်ငံများဆိုင်ရာ အဖွဲ့၏ ဒုတိယအတွင်းရေးမှူးအား မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Steve Marshall နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
 (သတင်းစဉ်)

No comments:

Post a Comment