နေပြည်တော် ဖေဖော်ဝါရီ ၅
မြန်မာနိုင်ငံလုံးဆိုင်ရာ
အမျိုးသမီးကော်မတီ၏ (၁/၂၀၁၉) အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ
အမျိုးသမီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မြန်မာ နိုင်ငံလုံးဆိုင်ရာ
အမျိုးသမီးကော်မတီသည် မူဝါဒ (၄)ရပ်ဖြစ်သော အမျိုးသမီးများသည် နိုင်ငံရေး၊ စီးပွားရေး၊
လူမှုရေး ကဏ္ဍအသီးသီးတွင် အမျိုးသားများနှင့် တန်းတူအခွင့်အရေး ရရှိစေရေးအတွက် ပြဌာန်းထားသော
ဥပဒေများ ထိရောက်မှု ရှိရေးနှင့် လိုအပ်သော ဥပဒေများ ရေးဆွဲပြဌာန်းနိုင်ရေး အကြုံပြုဆောင်ရွက်ရန်၊
အမျိုးသမီးများအပေါ် နည်းအမျိုးစုံဖြင့် အကြမ်းဖက်မှုမှ ကြိုတင်ကာကွယ်ရန်နှင့် စောင့်ရှောက်မှုများပေးရန်၊
အမျိုးသမီးများအား မိမိကိုယ်မိမိ ကာကွယ်ပေးထားသော ဥပဒေများ နားလည်လာရေးနှင့် ဗဟုသုတများပြည့်စုံရေးအတွက် ဆောင်ရွက်ပေးရန်၊ ကုလသမဂ္ဂ၏
စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင်များ၊ ကမ္ဘာ့အမျိုးသမီးညီလာခံနှင့်
အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကွန်ဗင်းရှင်းပါ
ပြဌာန်းချက်များ၊ လုပ်ငန်းအစီအစဉ်များကို နိုင်ငံတော်၏ မူဝါဒနှင့်အညီ အကောင်ထည်ဖော်
ဆောက်ရွက်ရန်တို့ကို ချမှတ်ထားပြီး လုပ်ငန်းစဉ်(၁၂)ရပ်ကို တာဝန်ယူဆောင်ရွက်ရန် ဖြစ်ပါကြောင်း။
ထို့အပြင် အမျိုးသမီးများ
ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (National Strategic
Plan for Advancement of Women - NSPAW) ကို ရေးဆွဲထားပြီးဖြစ်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်နှင့်
မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတို့နှင့်လည်း
ချိတ်ဆက်အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက်
အာဆီယံ အမျိုးသမီးကော်မတီများတွင် အဓိက တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ကော်မတီ
ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးစိုးအောင်က စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ၊ အမျိုးသမီးများ
ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းတို့ဖြင့် ချိတ်ဆက်ဆောင်ရွက်မှုများကို
ရှင်းလင်းပြောကြားပြီး အတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံလုံးဆိုင်ရာ
အမျိုးသမီးကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှုများ၊ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ
တက်ရောက်လာကြသော အသင်းအဖွဲ့အစည်းများမှ တာဝန်ရှိသူ များနှင့် ဌာနဆိုင်ရာများက အကြံပြုဆွေးနွေးကြပြီး
ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment