နေပြည်တော် ဖေဖော်ဝါရီ ၅
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့်
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်တို့ ပူးပေါင်းကျင်းပသည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့
နည်းပညာသင်တန်း အမှတ်စဉ် (၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ
Kempinski Hotel ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနများမှ ဒုတိယ၀န်ကြီးများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး
ကော်မရှင် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ၊ ကျွမ်းကျင်ပညာရှင်များ၊
ဖိတ်ကြားထားသူများ၊ ပြည်တွင်း ပြည်ပ သတင်းမီဒီယာများ စုစုပေါင်း (၂၀၀) ခန့် တက်ရောက်ကြသည်။
အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး
ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြည်ထောင်စုဝန်ကြီးဌာနအချို့တွင်
ယခုဖွဲ့စည်းမည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit
– CPU) များ၏ လုပ်ငန်းတာဝန် သည် ဌာနဆိုင်ရာဝန်ထမ်းများ၏ ဂုဏ်သိက္ခာနှင့် လူထု၏ယုံကြည်မှုတို့ကို
ပြန်လည်မြင့်မားလာအောင် ဆယ်တင်ပေး နိုင်သည်ဖြစ်၍ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်
အလွန်အရေးကြီးပါကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် မိမိတို့၏ ဂုဏ်သိက္ခာ၊ လူထု၏
ယုံကြည်မှုနှင့် ပြည်သူတို့၏ အကျိုးစီးပွားကိုသာ ဦးစားပေးကြမည်ဆိုလျှင်မိမိတို့ ကိုယ်တိုင်
မည်သည့်နည်းနှင့်မျှ အဂတိလိုက်စားမှုမဖြစ်နိုင်ပါကြောင်း၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး
အဖွဲ့များဖွဲ့စည်းခြင်းသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၁၆(ဋ) နှင့်အညီဖြစ်သည့်အပြင်
အဂတိလိုက်စားမှု တိုက်ဖျက်ရေးမဟာဗျူဟာ စီမံချက်၏ အစိတ်အပိုင်းတစ်ရပ်လည်းဖြစ်ပါကြောင်း၊
ရည်ရွယ်ချက်မှာ ဝန်ထမ်းများအား အဂတိလိုက် စားသောပြစ်မှု
ကျူးလွန်ပြီးမှ အရေးယူရခြင်းသည် ကျူးလွန်ခဲ့သူများ၌ကြီးမားသော ထိခိုက်နစ်နာဆုံးရှုံးမှုများကို
ဖြစ်စေနိုင်သကဲ့သို့ တာဝန်ရှိသူများ အနေဖြင့်လည်း တာဝန်ယူမှု အားနည်းချက်ရှိခြင်း၊ တစ်နည်းအားဖြင့်
တာဝန်မကင်းဟု မှတ်ယူနိုင်ပါကြောင်း၊ ထို့ကြောင့် အဂတိလိုက်စားသောပြစ်မှု လုံးဝမကျုးလွန်မိစေရန်ဌာနများ၌
အဂတိလိုက်စားမှုပြဿနာ ပေါ်ပေါက်နိုင်သော အခြေအနေများကို ကြိုတင်စိစစ်ဖော်ထုတ်ရန်၊ တွေ့ရှိလာသော
ပြဿနာကို သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဖြေရှင်းရန်သို့မဟုတ် အရေးယူဆောင်ရွက်ရန်နှင့်
ဌာနဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံး လုပ်နည်း၊ အမိန့်ညွှန်ကြားချက်များတွင်
အဂတိလိုက်စားမှုဖြစ်နိုင်ခြေများ ရှိ / မရှိဆန်းစစ် အကဲဖြတ်ချက် (Corruption Risk
Assessment- CRA) ပြုလုပ်ပြီး စနစ်တကျပိတ်ဆို့ထိန်း ချုပ်ခြင်းဖြင့် ဝန်ထမ်းများအား
အနာဂတ်ကာလတွင်ပါ အဂတိ လိုက်စားမှုများ ဆက်လက် မဖြစ်ပေါ်စေရေးအတွက် တားမြစ်သွားနိုင်ရန်ဖြစ်ပါကြောင်း။
CPU စီမံချက်သည် တစ်ဘက်တွင်
ဝန်ထမ်းများအတွင်း အဂတိကင်းရှင်းစေရန် ရည်ရွယ်ထားသကဲ့သို့ အခြားတစ်ဘက်တွင် လည်း ဌာနဆိုင်ရာများနှင့်
ပြည်သူလူထုအကြား အောက်ခြေအဆင့်တွင် ဖြစ်ပွားနေသော အသေးစားအဂတိလိုက်စားမှု (Petty Corruption)
အများအပြားကို တချိန်တည်း၊ တပြိုင်တည်းဟန်ချက်ညီညီ တိုက်ဖျက်ရာတွင် ထိရောက်မှုရှိစေရန်
ဖြစ်ပါကြောင်း၊ အကြီးစားအဂတိလိုက်စားမှုများ (Grand Corruption) ၏ ပင်ရင်း ဗဟိုချက်တစ်ခုဖြစ်သော
နိုင်ငံတော်၏ ဝယ်ယူရေး လုပ်ငန်းများ အပါအဝင်ဖြစ်သည့် တင်ဒါလုပ်ငန်းစဉ်များတွင် အဂတိလိုက်စားမှုများ
မဖြစ်ပွားစေရေးအတွက် ထိရောက်စွာ တားဆီးကာကွယ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပါကြောင်း။
ကော်မရှင်က အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နေစဉ်
ရှေးပြေးစီမံကိန်းအရ ပြည်ထောင်စုဝန်ကြီးဌာန (၁၄) ခုတွင် CPU အဖွဲ့များဖွဲ့စည်းပြီး
သတ်မှတ်ပေးထားသော ရည်ရွယ်ချက်များအတိုင်း ထိရောက်အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်လာခြင်းဖြင့်
အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် နိုင်ငံတော်အစိုးရ၏ ပြင်းပြသောနိုင်ငံရေးခံယူချက်
တက်ညီလက်ညီ အကောင်အထည်ဖော် ဖြည့်ဆည်းပေးသွားနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်
Deputy Country Director, Ms. Dawn Del Rio က အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးအဖွဲ့
နည်းပညာဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌနှင့်
အခမ်းအနားသို့ တက်ရောက်လာကြသူများသည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
အဆိုပါသင်တန်းကို
ဖေဖေါ်ဝါရီ(၅)ရက်မှ (၇)ရက်အထိ တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းတွင် ကော်မရှင်ဥက္ကဋ္ဌနှင့်
အဖွဲ့ဝင် များ UNDP မှ ကျွမ်းကျင်ပညာရှင်များက အဂတိလိုက်စားမှု၏သဘောတရားနှင့် ယင်း၏အကျိုးသက်ရောက်မှုများ၊
ကော်မရှင် ကျင့်ဝတ်၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့်လုပ်ငန်းတာဝန်၊
ကာကွယ်ရေး စီမံချက်ရေးဆွဲခြင်း၊ အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးခြင်း၊ တိုင်ကြားစာများအပေါ် အရေးယူဆောင်ရွက်ပုံအဆင့်ဆင့်
တိုင်ကြားစာနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ခြင်း၊ မှတ်တမ်းထိန်းသိမ်းခြင်းနှင့်သတင်းပို့ခြင်း၊
နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေဖြင့် ဌာနဆိုင်ရာအရေးယူခြင်း၊ Korea’s Approach to
Corruption in the Publicsector ၊ Introducing the CRA Methodology ၊ Training for
CPU Officials ; Step by Step approaches
for Anti-Corruption ၊ Contextualizing the CRA Criteria in Myanmar ၊
Global experience of CPU ဘာသာရပ်ဆိုင်ရာများကို သင်ကြားပို့ချ သွားမည်ဖြစ်သည်။
ယခုသင်တန်းသို့ ပြည်ထောင်စုဝန်ကြီးဌာနများတွင်
အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့များဖွဲ့စည်းရန် ရှေ့ပြေး စီမံကိန်း၌ ပါဝင်ဆောင်ရွက်ကြမည့်
ဝန်ကြီးဌာန (၁၄)ခုတို့မှ အဆင့်မြင့်အရာထမ်းသင်တန်းသား (၁၁၄) ဦးနှင့် ကော်မရှင်ရုံးမှ
သင်တန်းသား (၁၈)ဦး စုစုပေါင်း သင်တန်းသား (၁၃၂) ဦး တက်ရောက်ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment