Friday, February 1, 2019

မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ ဆွေးနွေး








နေပြည်တော် ဇန်နဝါရီ ၃၁
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်သည် Siam Commercial Bank Public Company Limited (SCB) မှ President and CEO၊ Mr. Arthid Nanthawithaya နှင့်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ကံ့ကော်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ဘဏ်လုပ်ငန်းဝန်ဆောင် မှုများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ခေတ်မီနည်းပညာများဖြင့် ဆောင်ရွက်ရေးကိစ္စရပ် များကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
သတင်းစဉ်

No comments:

Post a Comment