Tuesday, January 29, 2019

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဂျပန်- မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Mr. Hideo Watanabe အား လက်ခံတွေ့ဆုံ


နေပြည်တော် ဇန်နဝါရီ ၂၉
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ယနေ့ ညနေ ၄နာရီခွဲတွင် ဂျပန်- မြန်မာ ချစ်ကြည်ရေး အသင်း (Japan – Myanmar Association) ဥက္ကဋ္ဌ Mr. Hideo Watanabe နှင့် အဖွဲ့အား နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ကဏ္ဍများတွင် ဂျပန်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံရေးနှင့် စပ်လျဉ်း၍ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
(သတင်းစဉ်)

No comments:

Post a Comment