နေပြည်တော် ဇန်န၀ါရီ ၂၈
Invest Myanmar
Summit 2019 ၏ မျက်နှာစုံညီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာ
အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ကျင်းပသည်။
မျက်နှာစုံညီ အစည်းအဝေးတွင်
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက
ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး၊
ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊
ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ
ဝန်ကြီးချုပ် များနှင့် အစိုးရအဖွဲ့ဝင် များက တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ထူးခြားသည့်
ဝိသေသ လက္ခဏာများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများ၊
ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်နိုင်သည့် အားသာချက် များကို ရှင်းလင်းပြောကြားကြသည်။
ထို့ပြင် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)အတွင်း
ခင်းကျင်းပြသထားသည့် ပြခန်းများ၌လည်း ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံသူများအား
ပညာရေးကဏ္ဍ၊ ခရီးသွားလုပ်ငန်း ကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ စားသောက် ကုန်ကဏ္ဍ၊ အထည်ချုပ်ကဏ္ဍ၊ ကျန်းမာရေး၊
အခြေခံ အဆောက်အအုံကဏ္ဍ၊ လျှပ်စစ်နှင့်စွမ်းအင် ကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံနိုင်မည့်
အခွင့်အလမ်းများကို ကြည့်ရှုလေ့လာကြသူများနှင့် စည်ကားလျက်ရှိသည်။
ညနေပိုင်းတွင် မြန်မာနိုင်ငံကုန်သည်များနှင့်
စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက Invest Myanmar
Summit 2019 ၏ ဆွေးနွေးပွဲများ ကျင်းပခဲ့မှုကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများ၏
သိရှိလိုသည် များ ပြန်လည်ဖြေကြားသည်။
ညပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁)
ကျောက်စိမ်းခန်းမ၌ Invest Myanmar Summit 2019 သို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊
တိုင်းဒေသကြီး နှင့်ပြည်နယ်များမှ ၀န်ကြီးချုပ်များ၊ ဒုတိယ ၀န်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်
အစိုးရအဖွဲ့ဝင်များနှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများ၊ စီးပွားရေး လုပ်ငန်းရှင်
များနှင့် စီးပွားရေးပညာရှင်များအား ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
ဂုဏ်ပြုညစာစားပွဲ၌
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး
ဦးသောင်းထွန်းနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ
ဦးဇော်မင်းဝင်းတို့က ဂုဏ်ပြုစကား ပြောကြားကြသည်။
ထို့နောက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား
ဆက်ဆံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းတို့က Invest Myanmar Summit
2019 ဖြစ်မြောက်ရေးအတွက် ပါဝင် ကူညီကြသည့် Gold Sponsor KBZ Group နှင့် Siver
Sponsor များဖြစ်ကြသည့် Eden Group of Companies, AYA Bank (Max Group), Asia
World Group of Companies နှင့် Shwe Taung Group တို့ကို ဂုဏ်ပြု မှတ်တမ်းလွှာများပေး
အပ်ကြပြီး မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များ အသင်းချုပ်
ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက Bronze Sponsor များနှင့် Knowledge Partner တို့ကို ဂုဏ်ပြုမှတ်တမ်းလွှာများ
ပေးအပ်ကြသည်။
(သတင်းစဉ်)

No comments:
Post a Comment