Tuesday, January 29, 2019

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ထိုင်း-မြန်မာ လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းဥက္ကဋ္ဌ General Ongard Pongsakdi နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ


 
နေပြည်တော် ဇန်န၀ါရီ ၂၈
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် ထိုင်း-မြန်မာ လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းဥက္ကဋ္ဌ General Ongard Pongsakdi နှင့် အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ထိုင်း- မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး၊ နှစ်နိုင်ငံ လွှတ်တော်ချင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံလွှတ်တော်များ၏ဖွဲ့စည်းမှု၊ ဥပဒေပြုရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment