မန္တလေး ဇန်န၀ါရီ ၂၇
စက်ဘီးစီးအားကစားနည်းကို ပြည်သူလူ ထုတစ်ရပ်လုံး စိတ်ပါ ၀င်စား လာစေရန်
စက်ဘီးစီးနင်းခြင်းဖြင့် တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်လာစေရန် ရည်ရွယ်၍ ကျန်းမာရေးနှင့်
အားကစား ၀န်ကြီး ဌာန ၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံစက်ဘီး အဖွဲ့ချုပ်နှင့် မန္တလေး
တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနတို့ က ကြီးမှူး ကာ လစဉ်နောက်ဆုံးပတ်တွင်
ကျင်းပလျက်ရှိရာ
(၃၂) ကြိမ်မြောက် လူထုစုပေါင်း စက်ဘီးစီးနင်းပွဲကို ယနေ့ နံနက်က မန္တလေးမြို့
ကျုံးတောင်ဘက် ၂၆ လမ်းရှိ မြို့တော်စည်ပင်ရုံးရှေ့စုရပ်၌ ပြုလုပ်ရာ တိုင်းဒေသကြီး ၀န်ကြီးချုပ်
ဒေါက်တာဇော်မြင့်မောင် ဦးဆောင်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးနိုင်နှင့်
ဦးငြိမ်းသစ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင် မိုး၊ တိုင်းဒေသကြီး
အားကစားနှင့် ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝေဇင်နှင့် တာဝန်ရှိသူများ၊ မန္တလေးမြို့
နှင့် အနီးတစ်ဝိုက်တို့မှ စက်ဘီးစီး ကလပ် အသင်းများမှစက်ဘီး အားကစားသမား များ၊ အား/ကာသိပ္ပံမှ
စက်ဘီးစီးသမား ကျောင်းသား ကျောင်းသူ များ သက်ကြီး သက်လတ် သက်ငယ် စက်ဘီးစီးအား ကစားဝါသနာရှင်ပြည်သူများ၊
ဝန်ထမ်း များ စုပေါင်း စက်ဘီးစီးနင်း ပါဝင်ဆင်နွှဲ ခဲ့ကြသူများသည် သတ်မှတ်စုရပ်နေရာ
တွင် ရောက်ရှိနေရာယူကြသည်။
စုပေါင်းစက်ဘီးစီးနင်းပွဲတွင် အား ကစားနှင့် ကာယပညာ သိပ္ပံကျောင်း
အုပ်ကြီး ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်က အချက်ပြသေနတ်ပစ်ဖောက် ၍ တာလွှတ်ပေး လိုက်သည်နှင့်
တစ်ပြိုင်နက် တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် တာဝန်ရှိသူတို့ သည် စုရပ်နေရာမှ ၂၆ လမ်းအတိုင်း၊၆၂လမ်းသို့
ထိုမှသိပ္ပံလမ်း အတိုင်း ၇၈ လမ်းမှ ကျုံး တောင်ဘက် ၂၆လမ်း တာလွှတ်စုရပ် နေရာအထိ မြို့တွင်းတစ်ပတ်
စက်ဘီးစီးနင်းကြပြီး ပျော်ရွှင်စွာ စုပေါင်းဆင်နွှဲ ပန်းဝင်ရောက် ရှိလာကြကာ ကိုယ်လက်လှုပ်
ရှားကြံ့ခိုင်မှု လေ့ကျင်းခန်းများ ပြုလုပ်ကြပြီး ဆင်နွှဲ ပါဝင်ကြသည့် စက်ဘီးစီး အားကစား
မောင်မယ်ဝါသနာရှင် ပြည်သူများအား စေတနာရှင်များ က Royal-D အားဖြည့် အချိုရည်ဘူးများ
ပေးဝေခဲ့ကြသည်။
အဆိုပါ စက်ဘီးစီးနင်းပွဲကို လစဉ် လ၏နောက်ဆုံးပတ် တနင်္ဂနွေနေ့ တွင်
ကျင်းပလျက်ရှိရာ မည်သူမဆို အကန့် အသတ်မရှိ မည်သည့် စက်ဘီးနှင့်မဆို ပါဝင်ဆင်နွှဲနိုင်ကြောင်း
သိရသည်။
တင်မောင် (မန်းကိုယ်ပွား)

No comments:
Post a Comment