Wednesday, January 23, 2019

မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် တူရကီနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနတို့အကြား ညှိနှိုင်းဆွေးနွေးပွဲများ တည်ထောင်ခြင်း ဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ ကျင်းပ



နေပြည်တော် ဇန်နဝါရီ ၂၂

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် တူရကီသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတို့အကြား ညှိနှိုင်းဆွေးနွေးပွဲ များ တည်ထောင်ခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြား ရေးဝန်ကြီးဌာန၌ ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူနှင့် မြန်မာနိုင်ငံဆိုင်ရာ တူရကီသံအမတ်ကြီး မစ္စတာ ဟိုင်းဒါကီရမ် ဒီဗန်လီယိုဂလူတို့က နှစ်နိုင်ငံနိုင်ငံခြားရေး ဝန်ကြီးဌာနများ ကိုယ်စား လက်မှတ်ရေးထိုးခဲ့ကြသည်။


အဆိုပါ နားလည်မှုစာချွန်လွှာအရ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် နှစ်ဖက် စိတ်ဝင်စားမှုရှိသည့် နိုင်ငံတကာရေးရာ ကိစ္စရပ်များအပေါ် နှစ်နိုင်ငံ နိုင်ငံခြား ရေး ဝန်ကြီးဌာနများအကြား ညှိနှိုင်းဆွေးနွေးပွဲများ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment