Wednesday, January 23, 2019

မန္တလေးမြို့တွင် ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာကျောက်မျက်ပြ ပွဲတွင် ငွေကျပ်သိန်းပေါင်း ၆၇ဝဝ နီးပါး ရောင်းချခဲ့ရ


မန္တလေး ဇန်နဝါရီ ၂၂

မန္တလေးမြို့တွင် ဇန်နဝါရီ ၁၅ ရက်မှ ၁၉ ရက်အထိ ကျင်းပခဲ့သော မန္တလေး ရတနာမောလ် အပြည်ပြည်ဆိုင်ရာကျောက်မျက်နှင့် လက်ဝတ်ရတနာအချော ထည်ပြပွဲတွင် ငါးရက်တာကာလအတွင်း ငွေကျပ်သိန်းပေါင်း ၆၇ဝဝ ခန့်နှင့် အမေရိကန်ဒေါ်လာ ငါးထောင်နီးပါးခန့် ရောင်းချခဲ့ရကြောင်း မန္တလေးရတနာ မောလ်ကျောက်မျက်ရတနာလုပ်ငန်းရှင်များ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးသိန်းဝင်းက ပြောကြားသည်။


အဆိုပါပြပွဲကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၇၈ လမ်းနှင့် ၃၄ လမ်းထောင့်ရှိ ရတနာပုံစူပါစင်တာအဆောက်အအုံတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ငါးရက်တာကာလအတွင်း ပြပွဲသို့ ပြည်တွင်း၊ ပြည်ပမှ လာရောက်လေ့လာသူ သုံးသောင်းဝန်းကျင်ရှိခဲ့ပြီး ပြည်ပမှ ရတနာကုန်သည် ၁၁၄၄ ဦး လာရောက် လေ့လာဝယ်ယူခဲ့ကြောင်း သိရသည်။

စိတ်ကြည်နူးမိ

အဆိုပါ ပြပွဲနောက်ဆုံးရက်တွင် တရုတ်နိုင်ငံ ကွမ်တုံးပြည်နယ်မှ ကျောက်စိမ်းကျောက်မျက်ရတနာအသင်း ဒုတိယဥက္ကဋ္ဌ လီကျု(စ်)ဝေ လာရောက် လေ့လာခဲ့ပြီး ပြပွဲအမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကာ မြန်မာနိုင်ငံ၏ သဘာဝရှုခင်းအလှအပများနှင့် အမျိုးအစားစုံလင်စွာ ပြသထားသော မြန်မာ့ တွင်းထွက်ကျောက်မျက် ရတနာများအား တစုတဝေးတည်း တွေ့ရှိခဲ့သည့် အတွက် စိတ်ကြည်နူးမိကြောင်း ပြောကြားသည်။

ပူးပေါင်းဆောင်ရွက်

မန္တလေးရတနာမောလ်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်နှင့် လက်ဝတ် ရတနာ အချောထည်ပြပွဲ အောင်မြင်စွာ ကျင်းပပြီးစီးခြင်း အခမ်းအနားကို ဇန်နဝါရီ ၁၉ ရက် ညနေ ၆ နာရီက အဆိုပါ အဆောက်အအုံတွင် ကျင်းပခဲ့ပြီး ပြပွဲတွင် ပူးပေါင်းဆောင်ရွက်ပေး ကြသည့် အဖွဲ့အစည်းအသီးသီးမှ ဂုဏ်ပြုထိုက် သူများအား မှတ်တမ်းတင်ဂုဏ်ပြုလွှာများပေးအပ်ကာ လက်ဝတ်ရတနာ အချောထည် ဒီဇိုင်းပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment