Wednesday, January 23, 2019

ကလေးစာပေပွဲတော် (မြစ်ကြီးနား) တွင် တိုင်းရင်းသားဘာသာ စကားဖြင့် ကဗျာနှင့် ပုံပြောပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်သည့် တိုင်းရင်းသားကျောင်းသား ကျောင်းသူများအား ဆုလက်ဆောင်များပေးအပ်



မြစ်ကြီးနား ဇန်နဝါရီ ၂၂

ကလေးစာပေပွဲတော် (မြစ်ကြီးနား) တွင် တိုင်းရင်းသား ဘာသာစကားဖြင့် ကဗျာနှင့် ပုံပြောပြိုင်ပွဲများ ထည့်သွင်းကျင်းပခဲ့ပြီး ဇန်နဝါရီ ၂၁ ရက်က ပွဲတော်ဒုတိယနေ့ ပုံပြော ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် မူလတန်းနှင့် အလယ်တန်းအဆင့် တိုင်းရင်းသား ကျောင်းသား ကျောင်းသူများအား ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးခင်မောင်မြင့်က ဆုလက်ဆောင်များ ပေးအပ် ချီးမြှင့်ခဲ့သည်။








ပုံပြောပြိုင်ပွဲတွင် ဂျိမ်းဖော တိုင်းရင်းသူ မဂျာနောင်ဆိုင်း၊ ရဝမ် တိုင်းရင်းသား ချန်းဒေးဗစ်ဆန်းလွင်၊ တိုင်းဆာတိုင်းရင်းသူ မမြတ်မွန်မြင့်၊ ဂျိမ်းဖောတိုင်းရင်းသူ ဂျာဒိမ်၊ တိုင်းလုံ တိုင်းရင်းသား မောင်စိုင်းမြင့်ဦး၊ ဇိုင်ဝါး တိုင်းရင်းသား မောင်ဇော်မြတ်အောင်၊ လီဆူတိုင်းရင်းသူ ခေါင်နော၊ လောဝေါ် တိုင်းရင်းသူ ဟောင်းညွှယ်၊ လီဆူတိုင်းရင်းသူ ရာခေလ၊ လာချိဒ်တိုင်းရင်းသူ ယော်နာမ်၊ တိုင်းလုံတိုင်းရင်းသား စိုင်းထက်ရှားအောင်တို့ ဆုလက်ဆောင်များ ရရှိခဲ့သည်။

အလားတူ ကလေးစာပေပွဲတော် ပထမနေ့ကျင်းပသည့် ကဗျာပြိုင်ပွဲတွင် တိုင်းလုံတိုင်းရင်းသူ စိုင်းမြတ်လင်းနှင့် ဆုရတနာဖြိုး၊ တိုင်းဆာတိုင်းရင်းသူ မနန်းကေသီအေး၊ တိုင်းလိုင်တိုင်းရင်းသူ မနေခြည်ဦးနှင့် နန်းဇင်သူစိုး၊ ဇိုင်ဝါး တိုင်းရင်းသူ မစိုင်းနန်လုံ၊ ဂျိမ်းဖော တိုင်းရင်းသူ မဂျာဆိုင်းနန်နှင့် မထွယ် ဆန်အိန်၊ ရဝမ်တိုင်းရင်းသူ ၀ဒမ်နန်ဆားရ်၊ လီဆူတိုင်းရင်းသား မဇီမာဆီး၊ လောဝေါ် တိုင်းရင်းသူ ဟောင်းညွှယ်နှင့် ဟောင်းနောတို့ ဆုလက်ဆောင်များ ရရှိခဲ့ကြောင်း သိရသည်။

တိုင်းရင်းသားများ၏ ကိုယ်ပိုင်စာပေ နှင့် ယဉ်ကျေးမှုများ ဖွံ့ဖြိုးတိုးတက်စေရန်၊ တိုင်းရင်းသားများ၏ ကိုယ်ပိုင်စာပေဖြင့် ရေးဖွဲ့ထားသည့် ကဗျာများ၊ ပုံပြင်များကို အခြားတိုင်းရင်းသားများ သိရှိပြီး ဂုဏ်ယူ မြတ်နိုး တန်ဖိုးထားတတ်စေရန် ရည်ရွယ် ၍ တိုင်းရင်းသားဘာသာစကားဖြင့် ကဗျာနှင့် ပုံပြောပြိုင်ပွဲများကို ထည့်သွင်း ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ရှင်မင်း၊ ဓာတ်ပုံ-ထိန်နန်နော်

No comments:

Post a Comment