နေပြည်တော် ဇန်နဝါရီ ၂၂
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အာရှရေးရာ အထူးကိုယ်စားလှယ်
H.E. Mr. Sun Guoxiang အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌
လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက်
အစိုးရနှင့်တပ်မတော်မှ ဆောင်ရွက်နေမှုများနှင့် တရုတ်နိုင်ငံမှ ပါဝင်ကူညီဆောင်ရွက်ပေးနေမှု
အခြေအနေများ၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက် တပ်မတော်၏ထုတ်ပြန်ချက်ကို တရုတ်နိုင်ငံကထောက်ခံသည့်
အခြေအနေများ၊ ရခိုင်ပြည်နယ် အတွင်း AA သောင်းကျန်းသူအဖွဲ့က နယ်ခြားစောင့် ရဲကင်းစခန်းများအား
တိုက်ခိုက်ခဲ့ခြင်းသည် လက်မခံနိုင်စရာ တာဝန်မဲ့လုပ်ရပ်ဖြစ်၍ တရုတ်နိုင်ငံမှ ပြင်းထန်စွာ
ရှုတ်ချသည့် အခြေအနေများအား ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏
သတင်းထုတ်ပြန်ချက် အရ သိရသည်။
သတင်းစဉ်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

No comments:
Post a Comment