ရန်ကုန် ဇန်နဝါရီ ၂၇
ကရင်ပြည်နယ် အစိုးရ၏ စီစဉ်မှုဖြင့်
NCA လက်မှတ်ရေး ထိုးထားပြီး ဒေသ ငြိမ်းချမ်းရေးကို ကြိုးပမ်း ဆောင်ရွက် နေ ကြသည့် ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များသည်
စိုက်ပျိုးရေးဦးစီး ဌာန ပြည်နယ် ဦးစီးမှူး ဦးဝင်းလှိုင်ဦး နှင့် အတူ ဇန်နဝါရီ ၂၆ ရက်က
ရန်ကုန် တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန၏ ဥယျာဉ်ခြံ၊ ဟင်းသီး
ဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံ သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန
(VFRDC) ၌ ပြုလုပ် သည့် အဆင့်မြင့် ခေတ်မီစီးပွားဖြစ် ဟင်းသီးဟင်းရွက် ပြပွဲ အခမ်းအနား
သို့ တက်ရောက် လေ့လာခဲ့ကြကြောင်း သိရသည်။
ကော့ကရိတ်မြို့နယ် ထို့ကော်ကိုးဒေသ
နောင် တယာနယ်မြေ KNU KNLA(PC) မှ စောအောင်ကောင်းရွှေ နှင့် စိုက်ပျိုးရေး တာဝန်ခံ ဒေါ်ခိုင်ခိုင်မြင့်၊
မြ၀တီမြို့နယ် ဆုံဆည်းမြိုင်ဒေသ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA) မှ ဦးစိုးပိုင်၊
လှိုင်းဘွဲမြို့နယ်မှ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးအောင်တော မိသားစု ဝင်များ၊ ဖာပွန်မြို့နယ်၊
သံတောင်ကြီးမြို့နယ်၊ လှိုင်းဘွဲမြို့ နယ်၊ ဘားအံမြို့နယ်တို့မှ တောင်သူလယ်သမားများ
စုစုပေါင်း ၄၀ တို့အား စိုက်ပျိုးရေးဦးစီးဌာနမှ ဒု-ညွှန်ကြားရေးမှူးချုပ် ဦးလှမြင့်
အောင်၊ ဒု-ညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းမြင့်နှင့် ဥယျာဉ်ခြံ၊ ဟင်းသီး ဟင်းရွက်နှင့်
အပင်ဇီဝနည်းပညာဌာနခွဲ ညွှန်ကြားရေးမှူး ဦးသူရစိုးတို့က ကြိုဆိုနှုတ်ဆက်ကြပြီး ဒေသတွင်းသီးနှံများ
စီးပွားဖြစ်စိုက်ပျိုးနိုင်ရေး၊ အလုပ် အကိုင်အခွင့်အလမ်း ရရှိရေးတို့ အတွက် GAP နည်းစနစ်
ဖြင့် စိုက်ပျိုးနိုင်ရေးတို့ကို ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။
လေ့လာရေးအဖွဲ့များသည် ဟင်းသီးဟင်းရွက်
သစ်သီးဝလံ သုတေသနနှင့် ဖွံ့ ဖြိုးရေးဗဟိုဌာန (VFRDC) ၌ စိုက်ပျိုးပြသ ထားသော အော်ဂဲနစ်ဟင်းသီး
ဟင်းရွက်စိုက်ခင်းများ၊ အိမ်ခြံဝင်း စိုက်ခင်း၊ မျိုးစေ့ထုတ် စိုက်ခင်းနှင့် နည်းပညာ
ပေးစိုက်ခင်းများ၊ ပုဂ္ဂလိက အရောင်း ဆိုင်ခန်းများကို ကြည့်ရှုလေ့လာကြရာ စိုက်ခင်း ပညာရှင်
ဝန်ထမ်း များက သိရှိလိုသည်များကို အသေးစိတ် ရှင်းလင်းပြ သကြသည်။ ထို့နောက် ကရင်ပြည်နယ်မှ
လေ့လာရေး အဖွဲ့ဝင်များသည် လှည်းကူးမြို့နယ် အင်းတကော်မြို့ သနပ်ပြင်ကျေး ရွာရှိ ငမိုးရိပ်ဆည်
ရေသောက် နွေစပါး တစ်ဆက် တစ်စပ်တည်းစိုက်ကွင်း များတွင် စိုက်ပျိုးနေသော စမ်းသပ်ကွက်များ၊
စံပြကွက် များ၊ SRI စနစ်ဖြင့် စိုက်ပျိုးသော စပါးစိုက်ခင်းများကို ကြည့်ရှုလေ့လာခဲ့ကြသည်။
ကရင်ပြည်နယ်ရှိ သံလွင်မြစ်ကမ်းဘေး မြေနုကျွန်းဒေသတောင်သူလယ်သမားများ၊ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်
မိသားစုများ၏ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်ရေးအတွက် ပြည်နယ်အစိုးရ၊
ပြည်ထောင်စုဝန်ကြီးဌာနတို့က နည်းပညာများ ပို့ချခြင်း၊ မျိုးစေ့များ ထောက်ပံ့ခြင်းအပြင်
FAO ၊ MEDA နှင့် GMSAEDC အဖွဲ့တို့ကလည်း ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment