နေပြည်တော် ဒီဇင်ဘာ ၂
ချင်းရေဒီယို အသံလွှင့်အစီအစဉ် နှစ်(၆ဝ) ပြည့် အခမ်းအနားကို ယနေ့
ညနေ ၃ နာရီတွင် မင်္ဂလာသီရိဟိုတယ် Grand Ballroom တွင် ကျင်းပသည်။
ရှေးဦးစွာ သိက္ခာတော်ရ ဆရာ လာလ်လိုင်ဇွာလ်က အဖွင့်ဆုတောင်း စကား
ပြောကြားပြီး တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က
အမှာ စကားပြောကြားသည်။
ဆက်လက်၍ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ဇနီး ဒေါက်တာ ရွှေလွှမ်းက
''ရာသီပြောင်းလဲချိန် တွင် လှပသော ချင်းတောင်တန်း တစ်လျှောက် ငှက်မျိုးစုံတို့မှ သာယာ
သောတေးသီချင်းများ သီဆိုလျက် တောင်တန်းကို အလှဆင်နေကြပြီး တောင်တန်းနေရာတိုင်းတွင်
ပန်းမျိုးစုံ ဖူးပွင့် နေကြကာ ချင်းတောင်တန်းသည် ချင်းလူမျိုးများ အတွက် အကောင်းဆုံး
ဘုရားပေးသော ဆုလာဘ်ဖြစ်သဖြင့် ချင်းလူမျိုးအားလုံး ချင်းပြည်နယ်အတွက် ကြိုးစားကြပါစို့''
ဟု အဓိပ္ပာယ်ရ သည့် ချင်းပြည်နယ်ကို ဂုဏ်ပြုသည့် တေးသီချင်းဖြင့် ချီးမြှင့်ပေးခဲ့ပြီး
ဒေါက်တာ ထန်ဘီလ်လွယ်က ဒုတိယသမ္မတ၏ ဇနီး ဒေါက်တာ ရွှေလွှမ်းအား အမှတ်တရ လက်ဆောင်ပေးအပ်သည်။
အမှာစကားပြောကြား
ဆက်လက်၍ ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်နှင့် ပွဲဖြစ်မြောက်ရေး
ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ထန်ဘီလ်လွယ်တို့က အမှာစကားပြောကြားသည်။
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး
ဦးလာလ်ထောင်ထန်းနှင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက မြန်မာ့အသံနှင့်
ရုပ်မြင်သံကြား ချင်းအသံလွှင့်အစီအစဉ် ဝန်ထမ်းဟောင်းများနှင့် လက်ရှိဝန်ထမ်းများအား
ဂုဏ်ပြုချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြကာ ပွဲဖြစ် မြောက်ရေးကော်မတီက
ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
သတင်းစဉ်


No comments:
Post a Comment