ရန်ကုန် ဒီဇင်ဘာ ၂
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက
ကြီးမှူးကျင်းပသော မြန်မာရေဆေး ပန်းချီပြပွဲ (Myanmar Watercolour 2018 Art
Exhibition) အခမ်းအနားကို ယမန်နေ့နံနက် ၁ဝ နာရီက ရန်ကုန်မြို့ ပြည်လမ်းရှိ အမျိုး သားပြတိုက်(ရန်ကုန်)၌
ကျင်းပသည်။
ပြသသွားမည်
အခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
သူရဦးအောင်ကိုက အမျိုးသားပြတိုက်(ရန်ကုန်) ၏ ပြတိုက်လှုပ်ရှားမှုလုပ်ငန်း တစ်ရပ်ဖြစ်သည့်
ပြပွဲများ ကျင်းပခဲ့ခြင်းကို ပြန်လည်လေ့လာကြည့်မည်ဆိုလျှင် ပြတိုက်လှုပ်ရှားမှုပန်းချီပြပွဲကို
၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံမှာရှိသည့် အတွေ့အကြုံရင့်၊ သမ္ဘာရင့်ပန်းချီဆရာကြီးများ၏
ကူညီမှု ဖြင့် ကျင်းပနိုင်ခဲ့ ကြောင်း၊ ပြတိုက်လှုပ်ရှားမှုပန်းချီ ပြပွဲကြီး၏ အကျိုးဆက်အနေဖြင့်
ဂန္ထဝင်သစ် ပန်းချီပြပွဲ (New Classic Art Exhibition)ကို နိုဝင်ဘာ ၁ဝ ရက်မှ ၁၆ ရက်အထိ
အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ယခု မြန်မာ ရေဆေး- ၂ဝ၁၈ ပန်းချီ ပြပွဲကို ပန်းချီဆရာ
၁၁ ဦး၏ ရေဆေးလက်ရာ ပန်းချီသီးသန့်လက်ရာများကို ဒီဇင်ဘာ ၁ ရက်မှ ၇ ရက်အထိ ပြသသွားမည်ဖြစ်ကြောင်း၊
ယခုမြန်မာ ရေဆေး- ၂ဝ၁၈ ပန်းချီပြပွဲပြီးစီးပါ က ပန်းချီဆရာ ၁၆ ဦး၏ ခေတ်ပြိုင်ပန်းချီပြပွဲ
(Contemporary-16) ကို ဒီဇင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ ဆက်လက် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း
ပြောကြားသည်။
ထို့အပြင် ၂ဝ၁၉ ခုနှစ် ပြတိုက် လှုပ်ရှားမှု ပန်းချီပြပွဲ (Museum
Activity Art Exhibition- 2019) ကို ဆက်လက်ကျင်းပ သွားမည်ဖြစ် ပြီး အဆိုပါပြပွဲတွင်
၂ဝ၁၈ ခုနှစ် ပြတိုက် လှုပ်ရှားမှု ပန်းချီပြပွဲမှာ မပါဝင်ဘဲ ကျန်ရှိနေသေးသည့် ပန်းချီပညာရှင်များကို
ဖိတ်ခေါ်ပြီး ကျင်းပသွားမည်ဖြစ် ကြောင်း၊ ပြတိုက်လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်
ဆောင်ရွက်နေသော အမျိုးသားပြတိုက် (ရန်ကုန်)မှ တာဝန်ရှိသူများနှင့် ပူးပေါင်းပါဝင်ခဲ့ကြသည့်
ပန်းချီဆရာ ကြီးများ၊ ထပ်မံ ပူးပေါင်း ပါဝင်ပေးကြမည့် ပန်းချီဆရာကြီးများ ကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်း၊
ယခုပြပွဲ မှာ ရေဆေးပန်းချီဆရာ ၁၁ ဦး၏ ရေဆေးပန်းချီ လက်ရာ ၅၈ ကားကို မြင်တွေ့ကြရမည်ဖြစ်ကြောင်း၊
နိုင်ငံ့ဂုဏ်ဆောင်အနုပညာလက်ရာများ လျော့နည်း သွားသည်နှင့်အမျှ ပြတိုက်များ၏ နိုင်ငံ့ဂုဏ်ဆောင်
ပုံရိပ်များလည်း တဖြည်းဖြည်း မှေးမှိန်လာသည်မှာ ဓမ္မတာပင်ဖြစ်ကြောင်း၊ ကမ္ဘာ့ ပြတိုက်
အဖွဲ့ အစည်းမှတ်တမ်းအရ ကမ္ဘာ့နိုင်ငံပေါင်း ၂ဝ၂ နိုင်ငံတွင် ပြတိုက်ပေါင်း ၅၅ဝဝဝ ရှိကြောင်း၊
မြန်မာနိုင်ငံတွင် ပြတိုက်ပေါင်း ၁ဝဝ မရှိသေးကြောင်း၊ ပြတိုက်ဟူသည် လက်မှုအနုပညာပစ္စည်းများ၊
အခြား အနုပညာလက်ရာမြောက်သော အရာဝတ္ထု များ၊ ယဉ်ကျေးမှု၊ သမိုင်း၊ သိပ္ပံပညာရပ်ဆိုင်ရာ
အရေးပါမှုပစ္စည်းများကို တစ်နေရာတည်းတွင် ထိန်းသိမ်းဂရုစိုက်ကာကွယ်ပေးနေသည့် အဖွဲ့ အစည်းတစ်ခုဖြစ်ကြောင်း၊
ရိုးရာအစဉ်အလာအရ ပြတိုက်များ၏ အခန်းကဏ္ဍသည် ယဉ်ကျေးမှု၊ ဘာသာရေးနှင့် သမိုင်းဆိုင်ရာ အထောက်အထား
များ၊ အရာဝတ္ထုပစ္စည်းများကို စုဆောင်းရန်ဖြစ်ပြီး အဆိုပါစုဆောင်းပြသပစ္စည်းများကို ပြည်သူ
လူထုအား ခင်းကျင်းပြသပေးရန်၊ ပညာပေးရန် နှင့် စိတ်ပျော်ရွှင်မှု ရစေရန်အတွက်သာဖြစ် ကြောင်း၊
ပန်းချီလက်ရာမွန်များ နိုင်ငံတော်အဆင့် စုဆောင်းမှုများ ပြုလုပ်နိုင်ရန် ပြတိုက်တာဝန်
ရှိသူများက ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန် နှင့် ပန်းချီပညာရှင်ကြီးများကလည်း ဆက်လက်
ဝိုင်းဝန်းပံ့ပိုးကူညီပေးကြရန် မေတ္တာရပ်ခံလို ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ရှင်းလင်းတင်ပြ
အခမ်းအနားတွင် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က
ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားပြီး ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန
ညွှန်ကြားရေးမှူး ချုပ်က မြန်မာရေဆေးပန်းချီပြပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပြပွဲပြုလုပ်ရခြင်း
အကြောင်းအရာများကို ရှင်းလင်းတင်ပြပြီး ပန်းချီဆရာကြီး ဦးလှတင်ထွန်းက ကျေးဇူးတင်စကား
ပြောကြား သည်။
မြန်မာရေဆေးပန်းချီပြပွဲ- ၂ဝ၁၈ ကို ဒီဇင်ဘာ ၇ ရက်အထိ နံနက် ၉ နာရီခွဲမှ
ညနေ ၄ နာရီခွဲအထိ နေ့စဉ်ဖွင့်လှစ်ပြသပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment