Tuesday, December 4, 2018

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ပါတီကော်မတီ အတွင်းရေးမှူးအား တရုတ်နိုင်ငံသံရုံးက ညစာဖြင့် တည်ခင်းဧည့်ခံ


နေပြည်တော် ဒီဇင်ဘာ ၃
နေပြည်တော်၌ ရောက်ရှိနေသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်ပါတီ ကော်မတီအတွင်းရေးမှူး မစ္စတာ ချန်းဟောင် အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးက တည်ခင်းဧည့်ခံသည့် ညစာ စားပွဲကို
ယနေ့ည ၇ နာရီတွင် နေပြည်တော်ရှိ Horizon Lake View Resort ဟိုတယ်၌ ကျင်းပသည်။
ညစာစားပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က နှုတ်ခွန်းဆက်စကားပြောကြားပြီး ယူနန်ပြည် နယ်ပါတီကော်မတီ အတွင်း ရေးမှူး မစ္စတာ ချန်းဟောင်နှင့် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေတို့က တရုတ်-မြန်မာနှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများနှင့် ဆုတောင်း စကားများပြောကြားကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ၊ ယူနန်ပြည်နယ် ပါတီကော် မတီ အတွင်း ရေးမှူးနှင့် တက်ရောက်လာကြ သူများသည် ညစာ အတူတကွ သုံးဆောင်ကြသည်။
ညစာစားပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးကျော်တင့်ဆွေ၊ ဦးသန့်စင်မောင်၊ ဒေါက်တာသန်းမြင့်၊ ဦးစိုးဝင်းနှင့် ဦးကျော်တင်၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထား သည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment