ရန်ကုန် ဒီဇင်ဘာ ၃
၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့်
(၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲနှင့် ပို့စကတ်
ပြိုင်ပွဲတို့အား ''တို့ဘိုးဘွား အမွေ အနှစ်မို့ ချစ်မြတ်နိုးပေ'' ဟူသော ခေါင်းစဉ်ဖြင့်
ကျင်းပခဲ့ရာ
စိစစ်အကဲဖြတ်ရေးအဖွဲ့ က ဆုများရွေးချယ် သတ်မှတ်ခဲ့ပြီး ဖြစ်သည်။ အဆိုပါဓာတ်ပုံပြိုင်ပွဲနှင့်
ပို့စကတ်ပြိုင်ပွဲ တို့၏ ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၉ ရက် (တနင်္ဂနွေ)နေ့၊
မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ရှိ Sky Star Hotel, Royal Ballroom ၌ ကျင်းပမည် ဖြစ်သည်။
ဆုရရှိသူများသည် ဆုများလက်ခံရယူရေးနှင့်
ပတ်သက်၍ ပြိုင်ပွဲ ကျင်းပရေး ကော်မတီ ဖုန်း ဝ၁-၂ဝ၁၉၃၆၊ ဝ၁-၃၇၁၃၄ဝ၊ ဝ၁-၃၇၁၃၄၂ တို့သို့
ဆက်သွယ်ဆောင်ရွက် ကြရန် နှိုးဆော် ထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment