နေပြည်တော် ဒီဇင်ဘာ ၂
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်
နီပေါဖက်ဒရယ်ဒီမို ကရက်တစ်သမ္မတနိုင်ငံ ကတ္တမန္ဒူးမြို့၌ ကျင်းပသည့် အာရှ-ပစိဖိတ် ထိပ်သီးအစည်း
အဝေး သို့တက်ရောက်ပြီး ဒီဇင်ဘာ ၂ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် အထူး လေယာဉ်ဖြင့်
နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံမှ နေပြည်တော်သို့ ထွက်ခွာကြ သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့အား နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယ၀န်ကြီးချုပ်
နှင့် ကာကွယ်ရေးဝန်ကြီး မစ္စတာ အစ်ရှ်ဝါ ပိုကာရယ်၊ နီပေါဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံဆိုင်ရာ
မြန်မာနိုင်ငံ သံအမတ်ကြီး သီရိပျံချီ ဦးထွန်းနေလင်းနှင့် မြန်မာ နိုင်ငံဆိုင်ရာ နီပေါဖက်ဒရယ်
ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီး၊ မြန်မာသံရုံး မိသားစုများနှင့် တာဝန်ရှိသူများက
ကတ္တမန္ဒူးမြို့ ထရီဗူဗန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့သည် မွန်းလွဲ ၂ နာရီ မိနစ် ၄၀ တွင် နေပြည်တော်သို့
ပြန်လည်ရောက် ရှိကြ ရာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါ ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံသံရုံး
ယာယီတာဝန်ခံနှင့် တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ် ၌ ကြိုဆိုနှုတ်ဆက်ကြသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်
အဖွဲ့ဝင်အဖြစ် လိုက်ပါသွားသည့် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ဦးကျော်တင်၊ ဒုတိယ၀န်ကြီး
ဦးအောင်ထူးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများလည်း ပြန်လည်လိုက်ပါ လာကြသည်။
Ref;Myanmar State Counsellor Office
No comments:
Post a Comment