ရန်ကုန်
ဒီဇင်ဘာ ၂
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား
ဝန်ကြီးဌာန မှ ရန်ကုန်တိုင်းဒေသ ကြီး ရန်ကုန်(တောင်ပိုင်းခရိုင်)အတွင်းရှိ စက်ရုံ၊
အလုပ်ရုံ အလုပ်သမားများကို သစ္စာစီမံချက် ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲကို
ယနေ့နံနက် ၉ နာရီခွဲတွင် သံလျင်မြို့ရှိ ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ရှင်စောပုခန်းမ၌
ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက
အလုပ်သမားရေးရာ လုပ်ငန်းများ ကို ထိထိ ရောက်ရောက် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင်
အလုပ်သမားအချို့ သည် ၎င်းတို့၏ နိုင်ငံသားအရည်အချင်းနှင့် ကိုက်ညီသည့် ကတ်ပြားမရှိသည့်
အတွက် လူမှုဖူ လုံရေး အကျိုးခံစားခွင့်များနှင့် ကျန်းမာရေး စောင့်ရှောက်မှု အခွင့်အရေးများ
ဆုံးရှုံးလျက်ရှိ သည့်အပြင် ယင်း ကတ်ပြားမရှိသည့်အတွက် နိုင်ငံရပ်ခြားသို့ တရားဝင်အလုပ်လုပ်
ကိုင်နိုင် သည့် အခွင့်အလမ်းများ ဆုံးရှုံးလျက်ရှိ သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့်
စက်ရုံ၊ အလုပ် ရုံများတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် အလုပ်သမားများအနက် နိုင်ငံသားစိစစ်ရေး
ကတ်ပြား မရှိသူများကို ၎င်းတို့ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး
အတွက် သစ္စာ စီမံချက်ဖြင့် စက်ရုံ၊ အလုပ်ရုံများသို့ လုပ်ငန်းခွင်မပျက် ကွင်းဆင်းဆောင်ရွက်
နိုင်ရေး စီမံ ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာ၌ နိုင်ငံသားစိစစ်ရေးကတ်ပြား
ထုတ်ပေး သည့် လုပ်ငန်းတွင် အဓိကကျသည့် အိမ်ထောင်စုလူဦးရေစာရင်း ရရှိကိုင်ဆောင်ပြီး
ဖြစ်ရန် လိုအပ်သည့်အတွက် ယခင်နေထိုင်ခဲ့သော အရပ်ဒေသသို့ ပြန်လည်သွားရောက် ယူဆောင် ရန်
မလိုဘဲ မြို့နယ် လဝကရုံး အချင်းချင်းချိတ်ဆက်၍ မှန်ကန်မှုရှိကြောင်း စိစစ်ပြီးပါက သတ်
မှတ်ချက်နှင့် ပြည့်စုံသူများကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်ရမည့်လက်မှတ်
တစ်မျိုးမျိုးကို ထုတ်ပေးလျက်ရှိပါကြောင်း၊ ထို့ကြောင့် အလုပ်သမားများအတွက် လုပ်ငန်းခွင်
မပျက် ကုန်ကျစရိတ် သက်သာစွာဖြင့် ဆောင်ရွက်ပေးသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါကြောင်း၊
အလုပ်သမားများ အနေဖြင့် ရရှိသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားကို မပျောက်မပျက်စေရေး အတွက်
ဂရုတစိုက် ကိုင်ဆောင်ထိန်းသိမ်းကြရန်လည်း လိုအပ်ပါကြောင်း၊ ယင်းလုပ်ငန်းများ အောင်မြင်ရေးအတွက်
ဝိုင်းဝန်းကူညီပံ့ပိုး ဆောင်ရွက်ပေးကြသူများကို ကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက
တိုင်းဒေသ ကြီးအတွင်းရှိ စက်မှုဇုံများ၌ လုပ်ငန်းခွင်မပျက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ
ကွင်းဆင်း ဆောင်ရွက်ပေးမှု နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ
နှင့်တာဝန်ရှိသူများက စက်မှုဇုံများမှ အလုပ် သမားများကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများ
အသီးသီးပေးအပ်ကြရာ အလုပ်သမားများ ကိုယ်စား ရွှေစကားအထည်ချုပ်စက်ရုံမှ ဒေါ်အေးသန္တာ နှင့်
ဒေါ်သဉ္ဇာဆွေ တို့က ကျေးဇူးတင် စကား ပြန်လည်ပြောကြားကြသည်။
ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုံများ၊
စက်ရုံ/အလုပ်ရုံများ များပြားသည့် မြို့နယ် (၁၄) မြို့နယ် တွင် စက်ရုံ၊ အလုပ်ရုံ ၃၀၈၁
ခုမှ လုပ်သားဦးရေ ၄ သိန်းခန့်တွင် ၈ ထောင်ခန့်မှာ နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိကြောင်း
စာရင်းအရ သိရှိရသဖြင့် ယင်းလုပ်သားများကို ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြား
ထုတ်ပေးနိုင်ရေးအတွက် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၈ ရက်အထိ သစ္စာစီမံချက်ဖြင့်
လုပ်ငန်းခွင်မပျက် ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိရာ ယနေ့အထိ အလုပ်သမား ၇၃၉၈ ဦးကို နိုင်ငံသား
စိစစ်ရေးကတ်ပြားများ ထုတ်ပေးပြီးဖြစ် ကြောင်း သိရှိရသည်။
(သတင်းစဉ်)
No comments:
Post a Comment