Sunday, December 2, 2018

ရုပ်ရှင်ဇာတ်ကားကောင်းများ တည်းဖြတ်မှု၊ အချောသပ်ထုတ်လုပ်မှု ဆိုင်ရာ စကား ဝိုင်းဆွေးနွေးပွဲကျင်းပ




 ရန်ကုန် ဒီဇင်ဘာ ၂
ရုပ်ရှင်ဇာတ်ကားကောင်းများ တည်းဖြတ်မှု၊ အချောသပ်ထုတ်လုပ်မှု ဆိုင်ရာ စကား ဝိုင်းဆွေးနွေးပွဲ (Panel Discussion on Making Good Movie: Post –Production) ကို ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေး စင်တာ၊ စီမံခန့်ခွဲရေးအဖွဲ့တို့ပူးပေါင်း စီစဉ်၍
ယနေ့မွန်းလွဲ ၁နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမှတ် ၅၀ ရွှေတောင်ကြား လမ်း ရုပ်ရှင်အနုပညာရပ်ဝန်းရှိ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေး စင်တာ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေး စင်တာ စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ ၊ ပြန်ကြား ရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် စကားဝိုင်းဆွေးနွေးပွဲတွင် ဦးအောင်ကိုလတ်က ဦးဆောင် ဆွေးနွေးသူ အဖြစ် ဆောင်ရွက်ပြီး ဦးတင်ငြိမ်း၊ ဦးဉာဏ်ဝင့်၊ ဦးကြည်မင်းသိန်း၊ ဒေါက်တာသူရ သိန်းတင် နှင့် ဒေါက်တာ ဉာဏ်လင်းဦး တို့က ရုပ်ရှင် ဇာတ်ကား ကောင်း များဖြစ်ပေါ် ရေး အတွက် အသံတည်းဖြတ်ခြင်း၊ အထူးပြုလုပ်ချက် ဖန်တီးခြင်း၊ အရောင် ချိန်ညှိ ခြင်း စသည့် အချောသပ် ထုတ်လုပ်မှုဆိုင်ရာများကို ဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကိုမေးမြန်းရာ ဆွေးနွေးသူ များက ပြန်လည်ရှင်းလင်းဖြေကြား ကြပြီး ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ စီမံ ခန့်ခွဲ ရေးအဖွဲ့ဝင်ဒေါက်တာမြင့်သိန်းဖေ က ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။
စကားဝိုင်းဆွေးနွေးပွဲတွင်ပါဝင်သူ ဦးတင်ငြိမ်း က “ အနုပညာမြောက် တည်းဖြတ်မှုက အရေးကြီးပါတယ်။ ရိုက်လာတဲ့ ရုပ်ရှင် ဇာတ်ကားတွေ အကြောင်းကြောင်းကြောင့် မှားယွင်းမှုရှိလာရင် အမှန်ဆုံးဖြစ်အောင် တည်းဖြတ်ပေးရပါတယ်။ ဒါတွေကို အယ်ဒီ တာရဲ့ တွေးခေါ်မှု အတွေ့အကြုံအရ အရုပ်တွေ အပြောင်းအလဲ လုပ်ပေးရတာကို ဆွေးနွေးတာပါ” ဟု ပြောသည်။
ဦးကြည်မင်းသိန်းက “အသံပိုင်းနဲ့ပတ်သက်ပြီး ဇာတ်ကားအချောသပ်အဆင့် အထိ ဆောင်ရွက်ပုံအဆင့်ဆင့်၊ အဓိကကတော့ ရုပ်ရှင်အတွက် ကြိုတင်ပြင်ဆင်တဲ့ အပိုင်း ကို ဆွေးနွေးတာပါ ”ဟု ပြောသည်။
အထူးပြုလုပ်ချက် ဖန်တီးသူ ဒေါက်တာ သူရသိန်းတင်က “ ရုပ်ရှင် ဇာတ်ကားမှာ ကွန်ပျူတာပိုင်းဆိုင်ရာ အထူးပြုလုပ်ချက်တွေ ဖန်တီးတဲ့ အပိုင်းကို ဆွေးနွေးတာဖြစ် ပါတယ်”ဟုပြောသည်။
သတင်း - ဥမ္မာစန္ဒီ
ဓါတ်ပုံ-လှမိုး

No comments:

Post a Comment